Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မရာလက်နက်ကိုင် ၂ ဖွဲ့၏ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ် ရပ်တန့်နေဟု CDF-Mara ထုတ်ပြန်

မရာလက်နက်ကိုင် ၂ ဖွဲ့၏ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ် ရပ်တန့်နေဟု CDF-Mara ထုတ်ပြန်

0
By Editor on June 13, 2024 Khonumthung

(004SS)

မရာလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သည့် မရာဒေသကာကွယ်ရေးတပ်ဖွဲ့ MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တို့အကြား သဘောတူထားသော ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်မှာ ရှေ့ဆက်တိုး၍မရတော့ဘဲ ရပ်တန့်နေသည်ဟု CDF-Mara က ပြောဆိုလိုက်သည်။

နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် သဘောတူညီချက်အချို့ကို MTC/MDF ဘက်မှ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ငြိမ်းချမ်းရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းကြောင့် Reunification မှ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများ ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်သွားခြင်းဖြစ်သည်ဟု ဇွန်လ ၁၂ ရက်နေ့က CDF-Mara က ထုတ်ပြန်သည်။

MDF/MTC နှင့် CDF-Mara တို့သည် လွန်ခဲ့သော မေလ ၂၂ နှင့် ၂၃ ရက်နေ့က မရာ ဧဝံဂေလိအသင်းတော် ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်မှ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် သဘောတူချက် ၇ ချက်၊ လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက် ၈ ချက်တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက် နံပါတ် ၈ အရ နှစ်ဦး နှစ်ဘက် ဖမ်းဆီးထားသူများအား လက်မှတ်ထိုးသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ပထမခြေလမ်းအနေဖြင့် အပြန်အလှန် ယုံကြည်မှုဖြင့် ချွင်းချက်မရှိ လွတ်ပေးရမည်ဖြစ်သော်လည်း MTC/MDF မှ ထိန်းသိမ်းထားသူ ၃ ဦးကို လွှတ်ပေးရန် ငြင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့အပြင် သဘောတူညီချက် နံပါတ် ၂ ဖြစ်သော မရာဒေသ အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ဖြတ်သန်းလိုပါက MDF နှင့် CDF-Mara စစ်ဦးစီးချုပ်များနှင့် ငြိမ်းချမ်းရေးကော်မရှင်ထံ အကြောင်းကြားပြီး ဖြတ်သန်းခွင့်ပြုမည်ဟု သဘောတူ ထားသော်လည်း၊ ဇွန်လ ၁ ရက်နေ့က CNA မှ မတူပီမြို့နယ် ‌ဆတူးရွာသို့ ခရီးသွားရန် MDF စစ်ဦးစီးချုပ်ထံ အကြောင်း ကြားထားသော်လည်း လစ်လှူရှုပြီး ငြင်းပယ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Mara တပ်ဖွဲ့ဘက်ကတော့ ဖမ်းဆီးထားသူ ၂ ဦးကို ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်း ၈ နာရီတွင် တာဝန်ရှိသူများထံ ကောင်းမွန်စွာလွှဲပြောင်းအပ်နှံကာ ကျန် ၂ ဦးကို ‌စောင့်ကြည့်ရန်ရှိနေသဖြင့် ခေတ္တထိန်သိမ်းထားဆဲဖြစ်သည်ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူက “နှစ်ဘက်စလုံးကနေ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွတ် ပေးဖို့ဆိုတဲ့အရာမှာ သူတို့က နားလည်မှုလွဲသွားတာပါ။ ကျွန်‌တော်တို့ စစ်သုံ့ပန်းအနေနဲ့ တကယ်ဖမ်းဆီးထားတဲ့သူတွေ အကုန်လုံး လွှတ်ပေးလိုက်ပါပြီ၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ဆီ ဘက်ပြောင်းပြီး သင်တန်းလာတက်တဲ့သူတွေပါ လိုချင်တာ ၊ ဒါကတော့ သူတို့ သင်တန်းလည်းတက်ပြီ သစ္စာလည်းဆိုပြီးပြီဆိုတော့ မဖြစ်နိုင်တော့ဘူးလေ၊ ကျွန်တော်တို့ကို တစ်ကမ္ဘာလုံးက အထင်မှားအောင် တမင်တကာ လုပ်လိုက်တာဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ ကျွန်တော်တို့ ဖြေရှင်းချက်ထုတ်မှာ မဟုတ်သေးဘူး။ ကြားထဲမှာ Peace Commission လည်းရှိတာပဲဆိုတော့ သူတို့ ဖြေရှင်းပါလိမ့်မယ်” ဟု ပြောသည်။

ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက်သဘော ထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။

ထိုကဲ့သို့သွေးထွက်သံယိုမှုဖြစ်ပွားလာသည့်နောက်ပိုင်းတွင် မရာဧဝံဂေလိအသင်းတော်မှ ဘာသာရေးခေါင်းဆောင်များက Peace Commission ကိုဖွဲ့စည်းကာ ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.