Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မရာလက်နက်ကိုင် ၂ ဖွဲ့၏ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ် ရပ်တန့်နေဟု CDF-Mara ထုတ်ပြန်

မရာလက်နက်ကိုင် ၂ ဖွဲ့၏ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ် ရပ်တန့်နေဟု CDF-Mara ထုတ်ပြန်

0
By Editor on June 13, 2024 Khonumthung

(004SS)

မရာလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သည့် မရာဒေသကာကွယ်ရေးတပ်ဖွဲ့ MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တို့အကြား သဘောတူထားသော ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်မှာ ရှေ့ဆက်တိုး၍မရတော့ဘဲ ရပ်တန့်နေသည်ဟု CDF-Mara က ပြောဆိုလိုက်သည်။

နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် သဘောတူညီချက်အချို့ကို MTC/MDF ဘက်မှ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ငြိမ်းချမ်းရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းကြောင့် Reunification မှ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများ ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်သွားခြင်းဖြစ်သည်ဟု ဇွန်လ ၁၂ ရက်နေ့က CDF-Mara က ထုတ်ပြန်သည်။

MDF/MTC နှင့် CDF-Mara တို့သည် လွန်ခဲ့သော မေလ ၂၂ နှင့် ၂၃ ရက်နေ့က မရာ ဧဝံဂေလိအသင်းတော် ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်မှ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် သဘောတူချက် ၇ ချက်၊ လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက် ၈ ချက်တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက် နံပါတ် ၈ အရ နှစ်ဦး နှစ်ဘက် ဖမ်းဆီးထားသူများအား လက်မှတ်ထိုးသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ပထမခြေလမ်းအနေဖြင့် အပြန်အလှန် ယုံကြည်မှုဖြင့် ချွင်းချက်မရှိ လွတ်ပေးရမည်ဖြစ်သော်လည်း MTC/MDF မှ ထိန်းသိမ်းထားသူ ၃ ဦးကို လွှတ်ပေးရန် ငြင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့အပြင် သဘောတူညီချက် နံပါတ် ၂ ဖြစ်သော မရာဒေသ အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ဖြတ်သန်းလိုပါက MDF နှင့် CDF-Mara စစ်ဦးစီးချုပ်များနှင့် ငြိမ်းချမ်းရေးကော်မရှင်ထံ အကြောင်းကြားပြီး ဖြတ်သန်းခွင့်ပြုမည်ဟု သဘောတူ ထားသော်လည်း၊ ဇွန်လ ၁ ရက်နေ့က CNA မှ မတူပီမြို့နယ် ‌ဆတူးရွာသို့ ခရီးသွားရန် MDF စစ်ဦးစီးချုပ်ထံ အကြောင်း ကြားထားသော်လည်း လစ်လှူရှုပြီး ငြင်းပယ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Mara တပ်ဖွဲ့ဘက်ကတော့ ဖမ်းဆီးထားသူ ၂ ဦးကို ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်း ၈ နာရီတွင် တာဝန်ရှိသူများထံ ကောင်းမွန်စွာလွှဲပြောင်းအပ်နှံကာ ကျန် ၂ ဦးကို ‌စောင့်ကြည့်ရန်ရှိနေသဖြင့် ခေတ္တထိန်သိမ်းထားဆဲဖြစ်သည်ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူက “နှစ်ဘက်စလုံးကနေ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွတ် ပေးဖို့ဆိုတဲ့အရာမှာ သူတို့က နားလည်မှုလွဲသွားတာပါ။ ကျွန်‌တော်တို့ စစ်သုံ့ပန်းအနေနဲ့ တကယ်ဖမ်းဆီးထားတဲ့သူတွေ အကုန်လုံး လွှတ်ပေးလိုက်ပါပြီ၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ဆီ ဘက်ပြောင်းပြီး သင်တန်းလာတက်တဲ့သူတွေပါ လိုချင်တာ ၊ ဒါကတော့ သူတို့ သင်တန်းလည်းတက်ပြီ သစ္စာလည်းဆိုပြီးပြီဆိုတော့ မဖြစ်နိုင်တော့ဘူးလေ၊ ကျွန်တော်တို့ကို တစ်ကမ္ဘာလုံးက အထင်မှားအောင် တမင်တကာ လုပ်လိုက်တာဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ ကျွန်တော်တို့ ဖြေရှင်းချက်ထုတ်မှာ မဟုတ်သေးဘူး။ ကြားထဲမှာ Peace Commission လည်းရှိတာပဲဆိုတော့ သူတို့ ဖြေရှင်းပါလိမ့်မယ်” ဟု ပြောသည်။

ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက်သဘော ထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။

ထိုကဲ့သို့သွေးထွက်သံယိုမှုဖြစ်ပွားလာသည့်နောက်ပိုင်းတွင် မရာဧဝံဂေလိအသင်းတော်မှ ဘာသာရေးခေါင်းဆောင်များက Peace Commission ကိုဖွဲ့စည်းကာ ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Kalay UG အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးမြို့မှာ အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး၊ စစ်သုံ့ပန် ၃ ဦး ဖမ်းမိ

ကလေးမြို့က စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကိုသူရိန်ဇင် ပြင်းထန်အဖျားရောဂါကြောင့် ကွယ်လွန်

ခွင့်လွန်ရဲဘော်များပြန်လာရန် ကလေးတော်လှန်ရေးအဖွဲ့က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.