Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားရာလမ်းတွင် သေဆုံးသွားသူ ချင်းလူငယ် CDM ဆရာဝန်၏ ရုပ်အလောင်းအား မွေးရပ်ဇာတိသို့ မသယ်တော့ဘဲ ကရင်ပြည်နယ်တွင် သဂြိုလ်
ပုံစာ - ဒေါက်တာ ခွါလ်ရှန်းတုန်

မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားရာလမ်းတွင် သေဆုံးသွားသူ ချင်းလူငယ် CDM ဆရာဝန်၏ ရုပ်အလောင်းအား မွေးရပ်ဇာတိသို့ မသယ်တော့ဘဲ ကရင်ပြည်နယ်တွင် သဂြိုလ်

0
By Editor on April 15, 2024 Khonumthung

(004SS)

မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားရာလမ်းခုလတ်တနေရာတွင် အမောဆို့၍ သေဆုံးသွားသူ ‌ချင်းလူငယ် CDM ဆရာဝန် ခွါလ်ရှန်းတုန်၏ ရုပ်အလောင်းအား မွေးရပ်ဇာတိသို့ သယ်ဆောင်နိုင်ခြင်းမရှိဘဲ ကရင်ပြည်နယ်ရှိ ရွာတစ်ရွာတွင် ယနေ့ သဂြိုလ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဉပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းဆောင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်းရှိလာ‌သောကြောင့် ဒေါက်တာ ခွါလ်ရှန်းတုန်သည် မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားနေစဉ် ဧပြီလ ၁၃ ရက်နေ့က ကရင်ပြည်နယ်တနေရာတွင် အမောဆို့၍ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သူ၏ ရုပ်အလောင်းကို မွေးရပ်ဇာတိသို့ ပြန်လည်သယ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ကရင်ပြည်နယ်က ရွာတစ်ရွာတွင် ယနေ့ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်လိုက်ကြသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်တပ်က စစ်မှုထမ်းဖို့ စာရင်းတွေကောက်တာတွေရှိတော့၊ စိုးရိမ်လို့ တိမ်းရှောင်ဖို့ မြေပြင်လမ်းကနေ မလေးရှားသွားဖို့ လောလောနဲ့ ထွက်ခဲ့ရတာ၊ အဲမှာ ‌ခြေလျင်နဲ့သွားတာများတဲ့ပုံပဲ သူက အရမ်းပင်ပန်းတယ်လို့ သူနဲ့သွားတဲ့သူတွေဆီက ကြားတာ၊ သူ့အလောင်းက ကရင်ပြည်နယ်တစ်နေရာမှာ၊ သူက CDM ဆိုတော့ အလောင်းပြန်သယ်ဖို့လဲမဖြစ်ဘူး။ ကရင်ပြည်နယ် ရွာတစ်ရွာမှာ သဂြိုလ်လိုက်ကြတယ်” ဟု အဆိုပါနီးစပ်သူတစ်ဦးက ပြောသည်။

ကွယ်လွန်သွားသူ ဒေါက်တာ ခွါလ်ရှန်းတုန် (ခေါ်) ဒေါက်တာတူတုန်းသည် ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ ဆိုင်ပီးမွာလ် ဇာတိဖြစ်ပြီး စစ်တပ်အာဏာမသိမ်းမီက ခွဲစိတ်အထူးကု ပထမနှစ်တက်ရောက်ခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ အပြင်းအထန်ဖြစ်ပွားသည့်အချိန်တုန်းကလည်း ဒေါက်တာ ခွါလ်ရှန်းတုန်သည် ကိုဗစ်ကူးစက်ခံလူနာများအား အိမ်တိုင်ရာရောက် သွားရောက်ကုသပေးနေသူဖြစ်ပြီး Medical Evangelism အဖြစ် အသင်းတော်အတွက် ပါဝင်ဆက်ကပ်ခဲ့ဖူးသူဟု သိရသည်။

အသက် ၃၂ နှစ်အရွယ်သာရှိသေးသည့် ဒေါက်တာ ခွါလ်ရှန်းတုန် ၂၀၀၈ ခုနှစ်တွင် ကလေးမြို့ကနေ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမှတ် (၂) ရန်ကုန် ဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရကာ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်အထိ မော်လမြိုင်၊ သန်လျင် စသည့်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.