Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်မြို့ပေါ်တချို့မှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေ

မီဇိုရမ်ပြည်နယ်မြို့ပေါ်တချို့မှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေ

0
By Editor on July 8, 2023 Khonumthung

(05MK)

မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha မြို့ပေါ်ရှိ မြန်မာနိုင်ငံကစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Bio Data) များကို သက်ဆိုင်ရာဒေသတွင်းအာဏာပိုင်နှင့် အရပ်ဖက်အဖွဲ့များကပူးပေါင်းကာ ကောက်ယူနေသည်ဟုသိရသည်။ 

Siaha မြို့ပေါ်တွင် လွန်ခဲ့သည့်အပတ်ကစ၍ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Mara Thyutlia Py (MTP) က မြန်မာစစ်ဘေးရှောင်ပြည်သူများအားလုံး Bio Data ကောက်ယူရန် ရပ်ကွက်အတွင်းလိုက်လံကြေညာခဲ့ပြီး နောက် ဇီဝအချက်အလက်များကို စတင်ကောက်ယူနေခြင်းဖြစ်သည်ဟု Siaha မြို့တွင်နေထိုင်သူ စစ်ရှောင်တစ်ဦးက ပြောသည်။ 

“ပြီးခဲ့တဲ့အပတ်ကစပြီး MTP ကနေ အသံချဲ့စက်နဲ့ ရပ်ကွက်တွေကို လိုက်လံဆော်သြတယ် မြန်မာစစ်ဘေးရှောင်တွေ Bio Data ပေးအပ်ဖို့ပေါ့နော်၊ ရပ်ကွက်တစ်ခုတော့ ပြီးသွားပြီလို့သိရတယ် ကျန်တဲ့ရပ်ကွက်တွေမှာ ဆက်ပြီးကောက်ယူနေ တယ် သူတို့ပြောတဲ့ပုံစံအရကတော့ ကိုယ်ရေးအချက်အလက်တွေလာမပေးရင်တော့ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူးဆို တဲ့ပုံစံမျိုးလည်းပြောတယ်’’ ဟု Siaha မြို့က စစ်ရှောင်တစ်ဦးကပြောသည်။ 

Siaha မြို့မှာခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအနေဖြင့် MTP ရုံးသို့သွားရောက်ကာ ၎င်းတို့၏ ကိုယ်ရေးဆိုင်ရာအချက်အလက်(နာမည်၊ မိဘ၊နေရပ်လိပ်စာ၊) လက်ဗွေ၊ မျက်ကြည်လွှာ၊ ဓာတ်ပုံ စသည့်အချက်အလက် များကို ပေးအပ်ရသည်ဟု သိရသည်။ 

ယခုကဲ့သို့ မြန်မာစစ်ဘေးရှောင်များ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များအား ကောက်ယူနေသည့်အပေါ် စစ်ဘေးရှော င်များအကြား စိုးရိမ်မှုလည်းမြင့်တက်လာနေသည်ဟု သိရသည်။ 

“အခုဟာက နာမည်တို့၊ နေရပ်လိပ်စာတို့ပဲ ယူတာမဟုတ်ဘူး၊ လက်ဗွေတွေယူတယ်၊ မျက်ကြည်လွှာတွေလည်း scan ဖတ်တယ်ဆိုတော့ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲပေါ့နော်၊ အတော်များများကစိုးရိမ်နေကြတယ်၊ သူတို့လုပ်ခိုင်းတဲ့အတိုင်း မလုပ်ရင်လည်း တစ်ခုခုဖြစ်မှာလည်းစိုးရိမ်ရပြန်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။ 

ယခုကိစ္စနှင့်ပတ်သက်ပြီး Siaha မြို့က Mara Thyutlia Py (MTP) ဥက္ကဌ Pakhaw Choza ကို မေးမြန်းကြည့်ရာတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ကောက်ယူခိုင်းသည့်အတွက် ၎င်းတို့အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း သာဖြစ်ပြီး ဘာရည်ရွယ်ချက်ဖြင့်ဆောင်ရွက်သည်ကိုမူ မသိရှိကြောင်းပြောဆိုသည်။ 

“အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကနေ biometric mapping (ဇီဝဗဒေဆိုင်မြေပုံ) လုပ်မယ်လို့ပြောတယ်၊ ကျနော်တို့အနေနဲ့ လုပ်ဆောင်တာမဟုတ်ဘူး ဗဟိုအစိုးရဖက်ကနေလာတာဖြစ်တယ် အဓိကတော့ ကျနော်တို့ဆီမှာ ဒုက္ခသည်တွေ ဘယ် လောက်ရှိသလဲဆိုတာ သူတို့သိချင်ပုံရတယ်၊ ဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဘာမှစိုးရိမ်စရာတော့ မရှိလောက်ပါဘူး’’ ဟု သူကပြောသည်။ 

မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းအစီစဉ်ကို မီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင်ဆောင် ရွက်ကြမည်ဟု သိရသော်လည်း အခြားသော မြို့များတွင်မူ ယခုကဲ့သို့ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။ 

အာဏာသိမ်းစစ်ကောင်စီနှင့် အနီးကပ်ဆက်ဆံရေးရှိနေသော အိန္ဒိယအစိုးရအနေဖြင့် ယခုကဲ့သို့ သူ့နိုင်ငံအတွင်း ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူမှုအပေါ် လုံခြုံရေးအရ စိုးရိမ်မှုများလည်း ရှိနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.