Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်မြို့ပေါ်တချို့မှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေ

မီဇိုရမ်ပြည်နယ်မြို့ပေါ်တချို့မှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေ

0
By Editor on July 8, 2023 Khonumthung

(05MK)

မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha မြို့ပေါ်ရှိ မြန်မာနိုင်ငံကစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Bio Data) များကို သက်ဆိုင်ရာဒေသတွင်းအာဏာပိုင်နှင့် အရပ်ဖက်အဖွဲ့များကပူးပေါင်းကာ ကောက်ယူနေသည်ဟုသိရသည်။ 

Siaha မြို့ပေါ်တွင် လွန်ခဲ့သည့်အပတ်ကစ၍ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Mara Thyutlia Py (MTP) က မြန်မာစစ်ဘေးရှောင်ပြည်သူများအားလုံး Bio Data ကောက်ယူရန် ရပ်ကွက်အတွင်းလိုက်လံကြေညာခဲ့ပြီး နောက် ဇီဝအချက်အလက်များကို စတင်ကောက်ယူနေခြင်းဖြစ်သည်ဟု Siaha မြို့တွင်နေထိုင်သူ စစ်ရှောင်တစ်ဦးက ပြောသည်။ 

“ပြီးခဲ့တဲ့အပတ်ကစပြီး MTP ကနေ အသံချဲ့စက်နဲ့ ရပ်ကွက်တွေကို လိုက်လံဆော်သြတယ် မြန်မာစစ်ဘေးရှောင်တွေ Bio Data ပေးအပ်ဖို့ပေါ့နော်၊ ရပ်ကွက်တစ်ခုတော့ ပြီးသွားပြီလို့သိရတယ် ကျန်တဲ့ရပ်ကွက်တွေမှာ ဆက်ပြီးကောက်ယူနေ တယ် သူတို့ပြောတဲ့ပုံစံအရကတော့ ကိုယ်ရေးအချက်အလက်တွေလာမပေးရင်တော့ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူးဆို တဲ့ပုံစံမျိုးလည်းပြောတယ်’’ ဟု Siaha မြို့က စစ်ရှောင်တစ်ဦးကပြောသည်။ 

Siaha မြို့မှာခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအနေဖြင့် MTP ရုံးသို့သွားရောက်ကာ ၎င်းတို့၏ ကိုယ်ရေးဆိုင်ရာအချက်အလက်(နာမည်၊ မိဘ၊နေရပ်လိပ်စာ၊) လက်ဗွေ၊ မျက်ကြည်လွှာ၊ ဓာတ်ပုံ စသည့်အချက်အလက် များကို ပေးအပ်ရသည်ဟု သိရသည်။ 

ယခုကဲ့သို့ မြန်မာစစ်ဘေးရှောင်များ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များအား ကောက်ယူနေသည့်အပေါ် စစ်ဘေးရှော င်များအကြား စိုးရိမ်မှုလည်းမြင့်တက်လာနေသည်ဟု သိရသည်။ 

“အခုဟာက နာမည်တို့၊ နေရပ်လိပ်စာတို့ပဲ ယူတာမဟုတ်ဘူး၊ လက်ဗွေတွေယူတယ်၊ မျက်ကြည်လွှာတွေလည်း scan ဖတ်တယ်ဆိုတော့ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲပေါ့နော်၊ အတော်များများကစိုးရိမ်နေကြတယ်၊ သူတို့လုပ်ခိုင်းတဲ့အတိုင်း မလုပ်ရင်လည်း တစ်ခုခုဖြစ်မှာလည်းစိုးရိမ်ရပြန်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။ 

ယခုကိစ္စနှင့်ပတ်သက်ပြီး Siaha မြို့က Mara Thyutlia Py (MTP) ဥက္ကဌ Pakhaw Choza ကို မေးမြန်းကြည့်ရာတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ကောက်ယူခိုင်းသည့်အတွက် ၎င်းတို့အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း သာဖြစ်ပြီး ဘာရည်ရွယ်ချက်ဖြင့်ဆောင်ရွက်သည်ကိုမူ မသိရှိကြောင်းပြောဆိုသည်။ 

“အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကနေ biometric mapping (ဇီဝဗဒေဆိုင်မြေပုံ) လုပ်မယ်လို့ပြောတယ်၊ ကျနော်တို့အနေနဲ့ လုပ်ဆောင်တာမဟုတ်ဘူး ဗဟိုအစိုးရဖက်ကနေလာတာဖြစ်တယ် အဓိကတော့ ကျနော်တို့ဆီမှာ ဒုက္ခသည်တွေ ဘယ် လောက်ရှိသလဲဆိုတာ သူတို့သိချင်ပုံရတယ်၊ ဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဘာမှစိုးရိမ်စရာတော့ မရှိလောက်ပါဘူး’’ ဟု သူကပြောသည်။ 

မြန်မာစစ်ဘေးရှောင်များ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းအစီစဉ်ကို မီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင်ဆောင် ရွက်ကြမည်ဟု သိရသော်လည်း အခြားသော မြို့များတွင်မူ ယခုကဲ့သို့ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။ 

အာဏာသိမ်းစစ်ကောင်စီနှင့် အနီးကပ်ဆက်ဆံရေးရှိနေသော အိန္ဒိယအစိုးရအနေဖြင့် ယခုကဲ့သို့ သူ့နိုင်ငံအတွင်း ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူမှုအပေါ် လုံခြုံရေးအရ စိုးရိမ်မှုများလည်း ရှိနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.