Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်မှာ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိ အရိုးစုများတွေ့ရှိ

မီဇိုရမ်မှာ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိ အရိုးစုများတွေ့ရှိ

0
By Editor on September 2, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် Saitual ခရိုင်အတွင်း လှိုင်ဂူတစ်ခုမှာ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိသော အရိုးစုများ ရှာဖွေတွေ့ရှိခဲ့သည်ဟု INTACH, Mizoram Chapter အဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

INTACH, Mizoram Chapter အဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့စက်တင် ဘာလ ၂ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press Club တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ကာ Saitual ခရိုင် Vanbawng နှင့် North Khawlek ကျေးရွာကြားက လှိုင်ဂူတစ်ခုမှာ အဆိုပါအရိုးစုများကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါလှိုင်ဂူကို Khawlek ရွာသား Laltlanhlua က ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာတွေ့ရှိကာ လှိုင်ဂိုထဲတွင် အရိုးစု ဦးခေါင်းခွံ ၉ ခု၊ လူ့ခန္ဓကိုယ်အပိုင်းအစအရိုးစုများနှင့် ကွဲကြေနေသော အိုးအပိုင်းအစများလည်းတွေ့ရှိခဲ့သည်ဟု INTACH, Mizoram Chapter ဦးဆောင်သူ Rin Sanga, IAS (Retd.) က ပြောသည်။

ယင်းအရိုးစုများကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့က Beta Analytic Laboratory မှာ စစ်ဆေးရန်ပို့ပြီးနောက် ဓာတ်ခွဲခန်းအဖြေရလဒ်ကိုပြန်လည်ပို့ဆောင်လာရာမှာ အရိုးစုများသည် လွန်ခဲ့သော AD ၁၂၆၀ မှ ၁၃၂၀ ကြားကဖြစ်ကြောင်း တွေ့ရှိရသည်ဟုဖော်ပြထားသည်။

သို့သော်လည်း အဆိုပါအရိုးစုများသည် မည်သည့်မျိုးနွယ်စုနှင့် မည်သူများဖြစ်ကြသည်ကိုမူ အတည်ပြုရန် ဆက်လက်ကြိုးစားသွားမည်ဟု INTACH, Mizoram Chapter ကပြောဆိုသည်။

India National Trust For Art & Cultural Heritage (INTACH) ကို ရှေးဟောင်းအမွေအနှစ်များ ရှာဖွေရေး၊ ထိန်းသိမ်းကာကွယ်ရေးအတွက် ၁၉၈၄ မှာ အိန္ဒိယဝန်ကြီးချုပ် RaJiv Gandhi ၏ ဦးဆောင်မှုဖြင့် တည်ထောင်ကြပြီး မီဇိုရမ်ပြည်နယ်တွင်လည်း အဆိုပါနှစ်တွင် တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.