Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်မှာ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိ အရိုးစုများတွေ့ရှိ

မီဇိုရမ်မှာ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိ အရိုးစုများတွေ့ရှိ

0
By Editor on September 2, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် Saitual ခရိုင်အတွင်း လှိုင်ဂူတစ်ခုမှာ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိသော အရိုးစုများ ရှာဖွေတွေ့ရှိခဲ့သည်ဟု INTACH, Mizoram Chapter အဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

INTACH, Mizoram Chapter အဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့စက်တင် ဘာလ ၂ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press Club တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ကာ Saitual ခရိုင် Vanbawng နှင့် North Khawlek ကျေးရွာကြားက လှိုင်ဂူတစ်ခုမှာ အဆိုပါအရိုးစုများကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါလှိုင်ဂူကို Khawlek ရွာသား Laltlanhlua က ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာတွေ့ရှိကာ လှိုင်ဂိုထဲတွင် အရိုးစု ဦးခေါင်းခွံ ၉ ခု၊ လူ့ခန္ဓကိုယ်အပိုင်းအစအရိုးစုများနှင့် ကွဲကြေနေသော အိုးအပိုင်းအစများလည်းတွေ့ရှိခဲ့သည်ဟု INTACH, Mizoram Chapter ဦးဆောင်သူ Rin Sanga, IAS (Retd.) က ပြောသည်။

ယင်းအရိုးစုများကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့က Beta Analytic Laboratory မှာ စစ်ဆေးရန်ပို့ပြီးနောက် ဓာတ်ခွဲခန်းအဖြေရလဒ်ကိုပြန်လည်ပို့ဆောင်လာရာမှာ အရိုးစုများသည် လွန်ခဲ့သော AD ၁၂၆၀ မှ ၁၃၂၀ ကြားကဖြစ်ကြောင်း တွေ့ရှိရသည်ဟုဖော်ပြထားသည်။

သို့သော်လည်း အဆိုပါအရိုးစုများသည် မည်သည့်မျိုးနွယ်စုနှင့် မည်သူများဖြစ်ကြသည်ကိုမူ အတည်ပြုရန် ဆက်လက်ကြိုးစားသွားမည်ဟု INTACH, Mizoram Chapter ကပြောဆိုသည်။

India National Trust For Art & Cultural Heritage (INTACH) ကို ရှေးဟောင်းအမွေအနှစ်များ ရှာဖွေရေး၊ ထိန်းသိမ်းကာကွယ်ရေးအတွက် ၁၉၈၄ မှာ အိန္ဒိယဝန်ကြီးချုပ် RaJiv Gandhi ၏ ဦးဆောင်မှုဖြင့် တည်ထောင်ကြပြီး မီဇိုရမ်ပြည်နယ်တွင်လည်း အဆိုပါနှစ်တွင် တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.