Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ဝန်ကြီးချုပ်နှင့် စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသော NUA ဦးဆောင်သူများ တွေ့ဆုံ

မီဇိုရမ်ဝန်ကြီးချုပ်နှင့် စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသော NUA ဦးဆောင်သူများ တွေ့ဆုံ

0
By Editor on July 25, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာနှင့် မြန်မာစစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသော Network for Unity Association (NUA) ဦးဆောင်သူများ ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် NUA အဖွဲ့မှ ဦး‌ဆောင်သူများကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မနက်ပိုင်း ၁၀ နာရီတွင် သူ၏ရုံးခန်းသို့ ခေါ်ယူတွေ့ ဆုံခဲ့ပြီး စစ်ဘေးရှောင်အခြေအနေနှင့် ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု NUA တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လာမည့်လထဲတွင် အမေရိကန်ပြည်ထောင်စုကို သွားရောက်မည်ဖြစ်ကာ ချင်းလူမျိုးများအကြား စည်းလုံးညီညွတ်ရေး ပိုမိုအားကောင်းလာစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဆွေးနွေးပြောဆိုသွားမည်ဟုလည်း ဝန်ကြီးချုပ်က NUA ဦးဆောင်သူများထံ ပြောဆိုခဲ့သည်ဟု သိရသည်။

သို့သော်လည်း အဆိုပါခရီးစဉ်အခြေအနေ အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကြသော ချင်းနိုင်ငံရေးသမားများ၊ ချင်းအဖွဲ့အစည်းများကြားတွင် စည်းလုံးညီညွတ်မှုရှိစေရန် ဆန္ဒရှိကြောင်း ယင်းအတွက် တတ်နိုင်သည့်ဘက်မှ အတူတကွ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လည်း ပူးလာလ်ဒိုအောမ်မာက ပြောဆိုခဲ့သည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ဆန် ထောက်ပံ့နိုင်ရေး ရူပီးသိန်း ၅၀၀ ပေးအပ်မည်ဖြစ်ပြီး မြန်မာ-ဘဂ်လားဒေရှ့်နှင့် မဏိပူရ်ပြည်နယ်တို့မှ မိမိအသက်လုံခြုံရေးအတွက် ထွက်ပြေးလာကြသော စစ်ဘေးရှောင်များအား အကူအညီများပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု သိရသည်။

Network for Unity Association (NUA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေကြသော အဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ အခမဲ့ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စစ်ဘေးရှောင် ကလေးငယ်များကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအမျိုးသားတက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေ

တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.