Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးလူငယ်အသင်း (CYMA) က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၄ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးအပ်လှူဒါန်း

မီဇိုးလူငယ်အသင်း (CYMA) က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၄ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးအပ်လှူဒါန်း

0
By Editor on December 22, 2023 Khonumthung

(005MK)

မီဇိုးလူငယ်အသင်း (Central Young Mizo Association ) က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အနီးတ၀◌ိုက်ရှိ မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၄ သိန်းတန်ဖိုးရှိသော အခြေခံစားသောက်ကုန်များကို မကြာခင် ရောက်ရှိလာတော့မယ့် ခရစ္စမတ်ရက်မြတ် လက်ဆောင်အဖြစ် ယနေ့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းက အိုင်ဇောလ်မြို့ CYMA ရုံးချုပ် Tuikhuahtlang တွင် မြန်မာစစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်သည့်အခမ်းအနားတရပ်ကျင်းပကာ အိုင်ဇောလ်ခရိုင်အတွင်းရှိ Durtlang, tuirial, Sairang, Sihhmui 1,2, Dapchhuah, Khamrang နှင့် Nghalchawm ကျေးရွာစစ်ဘေးရှောင်စခန်းတို့မှာ နေထိုင်ကြသော မြန်မာစစ်ဘေးရှောင် အိမ်ထောင်စု ၁၈၈ စု လူဦးရေ ၈၃၀ အတွက် ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ကြက်ဉတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

CYMA မှ ယနေ့အပ်ပေးသော ပစ္စည်းများမှာ ဆန် ၆၈ အိတ်၊ ပဲ ၁၅ အိတ်၊ ဆီ ၃၈ ဖာ၊ အာလူး ၄၈ အိတ်နှင့် ကြက်ဉ ၂၅ ဖာ တို့ဖြစ်ပြီး တန်ဖိုးမှာ ရူပီးငွေ ၄ သိန်းရှိသည်ဟု သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကား ၅ စီးဖြင့် စစ်ဘေး ရှောင်စခန်းအသီးသီးသို့ ပို့ဆောင်ရန် ယနေ့မနက်ပိုင်းမှာ ထွက်ခွါသွားကြပြီဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် CYMA ဉက္ကဌ က ဒုက္ခမျိုးစုံခံစားနေရပြီး မီဇိုရမ်ပြည်နယ်ထဲကို စစ်ဘေးရှောင်လာကြသူများအား ကူညီရန် ကော်မတီက ဆုံးဖြတ်ခဲ့ကြပြီး အရေအတွက်အားဖြင့် သိပ်မများသော်လည်း မိမိတို့၏ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးအပ်မှုအပေါ် ၀မ်းမြောက်စွာ လက်ခံပေးကြရန် ပြောဆိုခဲ့သည်။

ယနေ့မနက်ကျင်းပသည့် အခမ်းအနားတွင် မြန်မာစစ်ဘေးရှောင်အရေး ကူညီပေးနေသော Network for Unity Association (NUA) အဖွဲ့မှခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး CYMA အပေါ် စစ်ဘေးရှောင်များကိုယ်စား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန်ပက်လက်မြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် (၅) လုံး ထိခိုက်ပျက်စီး

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမည်ဟု ကြေညာ

ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုတွင် ကူညီပေးခဲ့‌သော ရဲစခန်းမှူးအား CRC မှ ကျေးဇူးတင် လက်ဆောင်ပေးအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.