Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးလူငယ်အသင်း (CYMA) က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၄ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးအပ်လှူဒါန်း

မီဇိုးလူငယ်အသင်း (CYMA) က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၄ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးအပ်လှူဒါန်း

0
By Editor on December 22, 2023 Khonumthung

(005MK)

မီဇိုးလူငယ်အသင်း (Central Young Mizo Association ) က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အနီးတ၀◌ိုက်ရှိ မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၄ သိန်းတန်ဖိုးရှိသော အခြေခံစားသောက်ကုန်များကို မကြာခင် ရောက်ရှိလာတော့မယ့် ခရစ္စမတ်ရက်မြတ် လက်ဆောင်အဖြစ် ယနေ့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းက အိုင်ဇောလ်မြို့ CYMA ရုံးချုပ် Tuikhuahtlang တွင် မြန်မာစစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်သည့်အခမ်းအနားတရပ်ကျင်းပကာ အိုင်ဇောလ်ခရိုင်အတွင်းရှိ Durtlang, tuirial, Sairang, Sihhmui 1,2, Dapchhuah, Khamrang နှင့် Nghalchawm ကျေးရွာစစ်ဘေးရှောင်စခန်းတို့မှာ နေထိုင်ကြသော မြန်မာစစ်ဘေးရှောင် အိမ်ထောင်စု ၁၈၈ စု လူဦးရေ ၈၃၀ အတွက် ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ကြက်ဉတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

CYMA မှ ယနေ့အပ်ပေးသော ပစ္စည်းများမှာ ဆန် ၆၈ အိတ်၊ ပဲ ၁၅ အိတ်၊ ဆီ ၃၈ ဖာ၊ အာလူး ၄၈ အိတ်နှင့် ကြက်ဉ ၂၅ ဖာ တို့ဖြစ်ပြီး တန်ဖိုးမှာ ရူပီးငွေ ၄ သိန်းရှိသည်ဟု သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကား ၅ စီးဖြင့် စစ်ဘေး ရှောင်စခန်းအသီးသီးသို့ ပို့ဆောင်ရန် ယနေ့မနက်ပိုင်းမှာ ထွက်ခွါသွားကြပြီဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် CYMA ဉက္ကဌ က ဒုက္ခမျိုးစုံခံစားနေရပြီး မီဇိုရမ်ပြည်နယ်ထဲကို စစ်ဘေးရှောင်လာကြသူများအား ကူညီရန် ကော်မတီက ဆုံးဖြတ်ခဲ့ကြပြီး အရေအတွက်အားဖြင့် သိပ်မများသော်လည်း မိမိတို့၏ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးအပ်မှုအပေါ် ၀မ်းမြောက်စွာ လက်ခံပေးကြရန် ပြောဆိုခဲ့သည်။

ယနေ့မနက်ကျင်းပသည့် အခမ်းအနားတွင် မြန်မာစစ်ဘေးရှောင်အရေး ကူညီပေးနေသော Network for Unity Association (NUA) အဖွဲ့မှခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး CYMA အပေါ် စစ်ဘေးရှောင်များကိုယ်စား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.