Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များအပေါ် သဘောထားတင်းမာသော မဏိပူရ်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်

မြန်မာစစ်ဘေးရှောင်များအပေါ် သဘောထားတင်းမာသော မဏိပူရ်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်

0
By Editor on February 10, 2025 Khonumthung

(004SS)

မြန်မာစစ်ဘေးရှောင်များကို ဖမ်းဆီးထောင်ချကာ စစ်ကောင်စီထံပြန်လည်အပ်နှံလေ့ရှိသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh သည် ယမန်နေ့ တနင်္ဂနွေနေ့က ရာထူးမှ နှုတ်ထွက်သွားသည်ဟု သိရသည်။

မဏိပူရ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ညက ပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ ရာထူးမှနှုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်သည်။ မဏိပူရ်ပြည်နယ် အုပ်ချုပ်ရေးမှူကလည်းက N. Biren Singh ၏ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး အစားထိုးဝန်ကြီးချုပ် မခန့်အပ်ခင်အထိ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူပေးရန် ပြန်လည်တောင်းဆိုခဲ့သည်ဟု သိရသည်။

မဏိပူရ်ပြည်နယ်အတွင်း နှစ်ရှည်လများဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများအား ဖြေရှင်းမပေးနိုင်ခြင်း၊ တောင်တန်းသားများသာမက ကသည်းလူမျိုးများကလည်း ဆန့်ကျင်မှုရှိလာသည့်အပြင် မိခင်ပါတီ BJP ကလည်း ဖိအားပေးလာသည့်အတွက် ယခုကဲ့သို့ ရာထူးမှနှုတ်ထွက်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။

မဏိပူရ်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်မေလက လူများစု ကသည်းလူမျိုး နှင့် လူနည်းစုတောင်တန်းသားများ ကူကီး-ဇို လူမျိုးများအကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားပြီး အသေအပျောက် များစွာရှိခဲ့ပြီးနောက် နှစ်နှစ်နီးပါးအကြာမှာ ရာထူးမှ နှုတ်ထွက်သွားခြင်းဖြစ်သည်။

ဝန်ကြီးချုပ် N.Biren Singh သည် မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်းမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသော ကူကီးလူမျိုးများကြောင့်ဟုဆိုကာ အိန္ဒိယ-မြန်မာ နယ်စပ်ကိုလည်း ခြံစည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရထံ တင်ပြတောင်းဆိုခဲ့သူဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံက စစ်ရေးပဋိက္ခကြောင့် မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များကို ဇီဝ အချက်အလက်ကောက်ယူခြင်း၊ ဖမ်းဆီးခြင်း နှင့် နေရပ်ပြန်ပို့ခြင်းများပြုလုပ်ခဲ့သူဖြစ်ပြီး အင်ဖားမြို့အကျဉ်းထောင်ထဲ မတရားဖမ်းဆီးထောင်ချခံနေရသော မြန်မာနိုင်ငံသားအယောက် ၁၀၀ ကျော်ကိုလည်း ပြန်လွတ်ပေးခြင်းမရှိဘဲ တချို့မှာ စစ်ကောင်စီထံ ပြန်လည်အပ်နှံခဲ့သည်ဟု သိရသည်။

India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ သူ့ရဲ့ နှုတ်ထွက်ခြင်းက ဖမ်းဆီးခံရတဲ့သူတွေအတွက် ကျွန်တော်တို့ advocacy လမ်းကြောင်းအတွက် ပိုပြီးလွယ်ကူနိုင်ချေ ရှိတယ်လို့ ထင်ရတာပေါ့နော်။ အခုလက်ရှိ ဝန်ကြီးချုပ်က ကျွန်တော်တို့လုံးဝ ချဉ်းကပ်လို့မရတဲ့အထိ တင်းမာနေတဲ့သူပေါ့ နော်။ အခုတက်လာမဲ့သူက သဘောထားအရမ်းတင်းမာ တဲ့သူမဖြစ်ဖို့တော့ ဆုတောင်းရမှာပေါ့။ ကျွန်တော်တို့ စောင့်ကြည့် ပြီးတော့ ဖမ်းဆီးခံများအားလုံး လွတ်မြောက်ရေး အပါအဝင် သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက် အပြောင်းအလဲရှိလာတာနဲ့ လိုအပ်တဲ့ဟာတွေ ချက်ချင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

လက်ရှိ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်တွင် နိုင်ငံခြားသားဉပဒေဖြင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံက အမျိုးသမီး အယောက် ၄၀ ဝန်းကျင်နှင့် အမျိုးသား အယောက် ၉၀ ကျော် စုစုပေါင်း အယောက် ၁၃၀ ဝန်းကျင် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံ‌‌နေရဆဲဟု သိရသည်။

အလားတူ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင်လည်း အမျိုးသမီးများအပါအဝင် ချင်းလူငယ် ၃၂ ဦးတို့မှာ နိုင်ငံခြားသား ဉပဒေဖြင့် ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရကာ ပြစ်ဒါဏ်၊ ငွေဒဏ်များ ပေးဆောင်ပြီးနောက် လွတ်ရက်စေ့ပြီဖြစ်သော်လည်း ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.