Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးအများအပြား ဖမ်းဆီးရမိ

မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးအများအပြား ဖမ်းဆီးရမိ

0
By Editor on September 17, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မှုခင်းစုံစမ်းစစ်ဆေးရေးအထူးဌာနခွဲ (CID-SB) အဖွဲ့က ယမန်နေ့ညက မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးအများအပြား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မီဇိုရမ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ CID-SB အဖွဲ့က ကြိုတင်သတင်းရရှိထားချက်အရ စက်တင်ဘာလ ၁၆ ရက်ည ၁၀ နာရီခန့်တွင် အိုင်ဇောလ်မြို့အနီး Hualngohmun နေရာတွင် အိမ်စီးကား ၂ စီးကို ရပ်တန့်စစ်ဆေးရာတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကား ၂ စီးကို ရှာဖွေစစ်ဆေးရာတွင် ကားတံခါးထဲမှာ ဝှက်ထားသော ဘိန်းဖြူ ၈၁၄ ဂရမ် (ဆပ်ပြာဖူး ၆၈ ဖူး) နှင့် စိတ်ကြွဆေးပြား ကီလိုဂရမ် ၄၀ (အထုတ်ပေါင်း ၄၀) ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အဆိုပါ မူးယစ်းဆေးဝါးများနှင့်အတူ ယာဉ်မောင်း ၂ ဦးဖြစ်သည့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (Tiau-Khawmawi) တွင် နေထိုင်ကြသော အသက် ၂၆ နှစ်အရွယ် Lalthansiama နှင့် အသက် ၂၃ နှစ်အရွယ် Zoremmawia တို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

နောက်ထပ်ကားတစ်စီးကိုလည်း ရပ်တန့်စစ်ဆေးရန်လုပ်နေစဉ်မှာ မောင်းပြေးသွားသည့်အတွက် လိုက်လံရှာဖွေကြရာမှာ ယနေ့မနက်ပိုင်း ၁ နာရီခန့်တွင် Zuangtui ရပ်ကွက်တွင် ဖမ်းမိပြီး ရှာဖွေစစ်ဆေးရာမှာ ဘိန်းဖြူ ၂.၂၈၄ ကီလိုဂရမ် (ဆပ်ပြာဖူး ၁၉၆ ဖူး) ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယာဉ်မောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ကားပေါ်လိုက်ပါလာသော အသက်မပြည့်သေးသူတစ်ဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်သွားကြသည်ဟု သိရသည်။

မှုခင်းစုံစမ်းစစ်ဆေးရေးအထူးဌာနခွဲ (CID-SB) အဖွဲ့မှ ကား ၃ စီးထဲကနေ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးစုစုပေါင်းမှာ စိတ်ကြွဆေးပြား ၄၀.၀၃၄ ကီလိုဂရမ် (ကာလတန်ဖိုး ရူပီးသိန်း ၅၀၀ ကျော်) နှင့် ဘိန်းဖြူ ၃.၀၉၈ ကီလိုဂရမ် (ကာလ တန်ဖိုး ရူပီး ၉၂ သိန်းကျော်) ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.