Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးအများအပြား ဖမ်းဆီးရမိ

မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးအများအပြား ဖမ်းဆီးရမိ

0
By Editor on September 17, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မှုခင်းစုံစမ်းစစ်ဆေးရေးအထူးဌာနခွဲ (CID-SB) အဖွဲ့က ယမန်နေ့ညက မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးအများအပြား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မီဇိုရမ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ CID-SB အဖွဲ့က ကြိုတင်သတင်းရရှိထားချက်အရ စက်တင်ဘာလ ၁၆ ရက်ည ၁၀ နာရီခန့်တွင် အိုင်ဇောလ်မြို့အနီး Hualngohmun နေရာတွင် အိမ်စီးကား ၂ စီးကို ရပ်တန့်စစ်ဆေးရာတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကား ၂ စီးကို ရှာဖွေစစ်ဆေးရာတွင် ကားတံခါးထဲမှာ ဝှက်ထားသော ဘိန်းဖြူ ၈၁၄ ဂရမ် (ဆပ်ပြာဖူး ၆၈ ဖူး) နှင့် စိတ်ကြွဆေးပြား ကီလိုဂရမ် ၄၀ (အထုတ်ပေါင်း ၄၀) ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အဆိုပါ မူးယစ်းဆေးဝါးများနှင့်အတူ ယာဉ်မောင်း ၂ ဦးဖြစ်သည့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (Tiau-Khawmawi) တွင် နေထိုင်ကြသော အသက် ၂၆ နှစ်အရွယ် Lalthansiama နှင့် အသက် ၂၃ နှစ်အရွယ် Zoremmawia တို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

နောက်ထပ်ကားတစ်စီးကိုလည်း ရပ်တန့်စစ်ဆေးရန်လုပ်နေစဉ်မှာ မောင်းပြေးသွားသည့်အတွက် လိုက်လံရှာဖွေကြရာမှာ ယနေ့မနက်ပိုင်း ၁ နာရီခန့်တွင် Zuangtui ရပ်ကွက်တွင် ဖမ်းမိပြီး ရှာဖွေစစ်ဆေးရာမှာ ဘိန်းဖြူ ၂.၂၈၄ ကီလိုဂရမ် (ဆပ်ပြာဖူး ၁၉၆ ဖူး) ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယာဉ်မောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ကားပေါ်လိုက်ပါလာသော အသက်မပြည့်သေးသူတစ်ဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်သွားကြသည်ဟု သိရသည်။

မှုခင်းစုံစမ်းစစ်ဆေးရေးအထူးဌာနခွဲ (CID-SB) အဖွဲ့မှ ကား ၃ စီးထဲကနေ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးစုစုပေါင်းမှာ စိတ်ကြွဆေးပြား ၄၀.၀၃၄ ကီလိုဂရမ် (ကာလတန်ဖိုး ရူပီးသိန်း ၅၀၀ ကျော်) နှင့် ဘိန်းဖြူ ၃.၀၉၈ ကီလိုဂရမ် (ကာလ တန်ဖိုး ရူပီး ၉၂ သိန်းကျော်) ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.