Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာ့အရေး အာဆီယံအထူးသံတမန်သစ်နှင့် CNF အပါအဝင် တော်လှန်ရေးအင်အားစုတို့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး

မြန်မာ့အရေး အာဆီယံအထူးသံတမန်သစ်နှင့် CNF အပါအဝင် တော်လှန်ရေးအင်အားစုတို့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး

0
By Editor on January 23, 2026 Headline

(006SV)

၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဇာ လာဇရိုနှင့် CNF အပါအဝင် တော်လှန်ရေးအင်အားစုများသည် မြန်မာ့ပဋိပက္ခ ဖြေရှင်းနိုင်ရေး ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ Tagaytay မြို့တွင် ၂၀၂၆ အတွက် မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖြစ်လာသော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်အာဏာရှင် တော်လှန်ရေးအင်အားစုတို့ ဆွေးနွေးခြင်းဖြစ်သည်။

“အာဆီယံအလှည့်ကျ ဥက္ကဌကနေ ဖိတ်ခေါ်တဲ့ အစည်းအဝေးဖြစ်တယ်။ ဆွေးနွေးခဲ့ကြတာက ပထမအချက်အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဘယ်လိုအကောင်အထည် ဖော်မလဲ၊၊ ပြီးတော့ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ဘယ်လိုရပ်တန့်နိုင်မလဲပေါ့။ ဥပမာ – လေကြောင်းတိုက်ခိုက်မှုတွေ၊ ပြီးတော့ ပြည်သူလူထုကို ဦးတည်ချက်ထား တိုက်ခိုက်တာတွေ၊ နောက်တစ်ခုက လူသားချင်းစာနာထောက်ထားမှု အကူအညီပံ့ရေးကိစ္စတွေ၊ နောက် နိုင်ငံတကာ ရာဇဝတ်မှုတွေဖြစ်တဲ့ Scamming Center ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လူကုန်ကူးမှုကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၊ ABSDF တို့အပါအဝင် တော်လှန်ရေး အင်အားစုအဖွဲ့ အများအပြား တက်ရောက်သည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုများနှင့် မတွေ့ဆုံမီ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဇာ လာဇရိုသည် ဇန်နဝါရီလ ပထမပတ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီနှင့်လည်း‌ တွေ့ဆုံဆွေးနွေးသည်ဟု သိရသည်။

“ဒီလိုမျိုး အစည်းအဝေးက အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူထားတဲ့ နိုင်ငံကနေ မြန်မာက Stakeholder တွေကို ဖိတ် ခေါ်ပြီးတော့ လက်ရှိမြန်မာ့ နိုင်ငံရေး ပဋိပက္ခအခြေအနေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းရှာတဲ့ဟာ ဖြစ်တယ်။ ဒီကိစ္စကို မလေးရှားကလည်း ၂၀၂၅ တစ်နှစ်လုံးလုံးလည်း ကြိုးစားခဲ့တယ်။ အဲဒီကြိုးစားတဲ့ဟာကို ဖိလစ်ပိုင်က ဆက်လက်သယ်ဆောင်ပြီး အဖြေရှာနိုင်အောင် ဆိုပြီးတော့ အတူတကွ ပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ကြိုးစားနေတဲ့ လမ်းစဉ်ဖြစ်တယ်။ လက်ရှိအခြေအနေအထိကတော့ ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတဲ့ ကိစ္စတွေ ကျနော်တို့ ဆွေးနွေးနေတဲ့ အဆင့်ဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်နိုင်ရန် မြန်မာ့နိုင်ငံရေး အင်အားစုများ၏ သဘောထား ရပ်တည်ချက်များကို မျှဝေရန် တိုက်တွန်းခဲ့သည်ဟု အာဆီယံ အထူးကိုယ်စားလှယ် သစ်က ၎င်း၏ လူမှုကွန်ရက်စာမျာက်နှာတွင် ဇန်နဝါရီလ ၂၂ ရက် ရေးသားခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှု ချက်ချင်း ရပ်တန့်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရန် စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.