Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြောက်ဦးပြည်သူ့ဆေးရုံးဗုံးကြဲခံရမှု လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်အဖြစ် ချင်းတော်လှန်ရေးအဖွဲ့များ ကန့်ကွက်ရှုတ်ချ

မြောက်ဦးပြည်သူ့ဆေးရုံးဗုံးကြဲခံရမှု လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်အဖြစ် ချင်းတော်လှန်ရေးအဖွဲ့များ ကန့်ကွက်ရှုတ်ချ

0
By Editor on December 15, 2025 Khonumthung

(006SV)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည် လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်အဖြစ် ကန့်ကွက်ရှုတ်ချပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး တားဆီး အရေးယူပေးရန် ချင်းတော်လှန်ရေးအဖွဲ့များက တောင်းဆိုသည်။

မြောက်ဦးမြို့ပြည်သူ့ဆေးရုံးကြီးသည် ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ဒီဇင်ဘာလ ၁၀ ရက်က လေကြောင်းတိုက်ခိုက် ခံရမှုကြောင့် အရပ်သားပြည်သူ ၃၅ ဦးသေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာ ရရှိရာ များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး လူသား မဆန်သည့် ထိုအကြမ်းဖက်လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသည်ဟု ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့က ကြေညာသည်။

စစ်ကော်မရှင်၏ မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံးတားဆီးအရေးယူပေးနိုင်ရန်နှင့် ထိခိုက်ခံစားရနေရသော မြန်မာလူထုဘက်မှ စာနာရပ်တည်ပေးရန် ချင်းပြည်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်က တိုက်တွန်းထားသည်။

ချင်းပြည်ကောင်စီအနေဖြင့် စစ်ကော်မရှင် အမြန်ဆုံး ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ရည်မှန်းချက်တူ တိုင်းရင်းသားညီအစ်ကို တော်လှန်ရေးအင်အားစုများနှင့် စည်းလုံးညီညွတ်စွာ လက်တွဲ တွန်းလှန်းသွားမည်ဟု ထုတ်ပြန်သည်။

အာရက္ခပြည်တဝန်းမှ လူမျိုးဘာသာပေါင်းစုံပြည်သူများ မှီခိုအားထားရသော မြောက်ဦး ပြည်သူ့ဆေးရုံးကြီးတွင် တက်ရောက်ဆေးကုသနေသော လူနာများ၊ မိသားစုများ၊ ဝန်ထမ်းများကို ယခုကဲ့သို့ ဗုံးကြဲသတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှု မြောက်သည်ဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၁၃ ရက် ထုတ်ပြန်သည်။

မြန်မာပြည်သူလူထုကို နည်းလမ်းပေါင်းစုံဖြင့် သတ်ဖြတ်နေသော စစ်ကော်မရှင်အား တော်လှန်တိုက်ထုတ်ရာတွင် ချင်းညီနောင်အနေဖြင့် ULA/ AA နှင့် မြဲမြံစွာ ရှေ့ဆက်လက်တွဲသွားမည်ဟု ထုတ်ပြန်သည်။

စစ်ကော်မရှင်သည် နိုင်ငံတဝန်း စေတီပုထိုးနှင့် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများအပြင် နေအိမ်များကို အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမှုများကို ချိုးဖောက်သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းအပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို တိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.