Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

0
By Editor on February 17, 2026 Headline

(006SV)

အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ် ၂၀၂၆ အတွက် ချင်းပြည် (Chinland) အစိုးရ၏ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ချင်းလဲန်းကောင်စီထံမှ သိရသည်။

“ပြောလို့ ရတာက ကာကွယ်ရေးကိုပဲ အဓိက ဦးစားပေးပြီး သွားရမှာပါ။ ကျန်တဲ့ ဝန်ဆောင်မှုတွေကတော့ ပညာရေးပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် သူဟာနဲ့သူ သွားနေမှာဖြစ်တယ်။ သို့သော် သေချာတာကတော့ ကာကွယ်ရေး ဝန်ကြီးဌာနကနေ ကာကွယ် ရေးကိစ္စကို အဓိက ဦးတည်ပြီးတော့မှ၊ ရတဲ့ ဘဏ္ဍာငွေကလည်း များသောအားဖြင့် အဲဒီမှာပဲ အသုံးပြုလိမ့်မယ်လို့ ယူဆပါတယ်။ ကောင်စီက မူဝါဒက ချမှတ်ပေးတယ်။ လမ်းညွှန်တယ်။ ဦးဆောင်တယ်။ တကယ့်အကောင်အထည်ဖော်တာက အစိုးရပါ။ အကုန် လုံးတော်တော်များများမှာတော့ ကျနော်တို့ မူဝါဒတွေ ချမှတ်ထားပါတယ်။ သို့သော် ကျနော်တို့ ကောင်စီကနေ ထပ်ပြီးတော့မှ သွားရမယ့်နေရာမှာ ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ဆွေးနွေးခဲ့ပါတယ်” ဟု ချင်းလဲန်းကောင်စီ ဒုတိယဥက္ကဌ – ၂ Salai Bawi Kung က ပြောသည်။

ချင်းလဲန်းကောင်စီ အစိုးရအဖွဲ့အနေဖြင့် တခြားပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရန် လိုအပ်သော်လည်း နွေဦး တော်လှန်ရေး ၅ နှစ် ရှိလာချိန်တွင် စစ်ကော်မရှင်တပ်များကို ချင်းပြည်နယ်မှာ ကင်းစင်အောင် မတွန်းလှန်နိုင် သေးသည့်အတွက် ကာကွယ်ရေးကဏ္ဍကို ဦးစားပေးရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်းသို့ အင်အားတစ်ထောင်ဝန်းကျင့်ဖြင့် ထိုးစစ်ဆင်နေသော စစ်ကော်မရှင် စစ်ကြောင်းများနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား ၄ လခန့်အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်းနေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်များသည် အဆိုပါ ထိုးစစ်များတွင် စစ်ကြောင်းများခွဲ၍ ခေတ်မီဒရုန်းများ၊ လေကြောင်းပစ်ကူများ၊ လက်နက်ကြီး ပစ်ကူ အများအပြားဖြင့် အသုံးပြု တိုက်ခိုက်နေသော်လည်း သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု များပြားသောကြောင့် စစ်ကူများ အင်အားရာချီ ထပ်မံပို့လျက်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့ပေါ် ဒေသမှ လွဲ၍ ကျန်မြို့နှင့် ဒေသအားလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားများ ဖွဲ့စည်းကာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း သိရသည်။

“တခြားဝန်ဆောင်မှုတွေက လိုအပ်ပေမယ်လို့ အဲဒါက စစ်ကို မနိုင်သေးဘဲနဲ့တော့ အဆင်မပြေဘူး။ အဲဒါကြောင့် ကာကွယ်ရေး အားကောင်းမှပဲ ချင်းပြည်မှာ စကစက ကင်းစင်မှာ ဖြစ်တယ်။ မကင်းစင်သေးရင်တောင်မှ မလှုပ်နိုင်အောင် လုပ်ဆောင်ထားရ မယ်။ ပြီးရင် မြေပြန့်ကနေ တက်လာမယ့် စကစတွေကိုလည်း ကျနော်တို့ တွန်းလှန်ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကာကွယ်ရေး ကို အဓိက ဦးစားပေးတာပါ။ ကျနော်တို့ကတော့ ပိုကောင်းလာမယ်လို့ ယုံကြည်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ကျနော်တို့ ချင်းပြည်မှာ ရှိတဲ့ အဖွဲ့တွေကလည်းပဲ သဘော ပေါက် လာတယ်။ ဒါက ညီမှ ဖြစ်မယ်။ မညီဘူးဆိုရင် ကျနော်တို့ အကုန်လုံး ကျဆုံးကုန်မယ်ဆိုတာ သဘောပေါက်တဲ့အတွက် ကျနော်တို့ ချင်းလဲန်းကောင်စီမှာ အစုအဖွဲ့တွေကလည်းပဲ ပိုညီညွတ် လာတယ်။ ဒါတင်မကပါဘူး။ ချင်းပြည်မှာ ရှိတဲ့ ကျန်တဲ့ ချင်းညီနောင်အဖွဲ့ဟာလည်း ကျနော်တို့က စစ်တိုက်တဲ့အခါမှာ ညီအစ်ကို လိုပဲ တိုက်တာပါ။ နိုင်ငံရေး ကိစ္စက သဘောမတူနိုင်သေးရင်လည်းပဲ ပြသနာ မထားပါဘူး။ အဲလို စိတ်ဓါတ်ရှိလာပြီး ဖြစ်တဲ့ အတွက် စစ်တိုက်တဲ့နေရာမှာ ပိုညီပြီးဟေ့ ဆိုရင် ကျနော်တို့ ရန်သူကို နိုင်ပြီးတော့မှ ပိုကောင်းတဲ့ နေရာ၊ ပိုကောင်းတဲ့ ချင်းပြည်ကို တည်ဆောက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်” ဟု ချင်းလဲန်းကောင်စီ ဒုတိယဥက္ကဌ – ၂ က ပြောသည်။

ဖလမ်းမြို့သို့ ဦးတည်နေသော စစ်ကော်မရှင်တပ်များသည် ကလေး- ဖလမ်းလမ်းကြောင်း စိုးမိုးနိုင်ရေးအတွက် တပ်မ ၇၇ လက် အောက်ခံ တပ်ရင်းများမှ တပ်ရင်း ၉ ရင်းဖြင့် အင်အားထောင်ချီအသုံးပြုကာ ထိုးစစ်ဆင်နေမှုများကို ချင်းပြည်အစိုးရတပ်ဖွဲ့မှ စစ်ကြောင်း ၃ ကြောင်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/ CNDF တို့က ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

လေးလကြာမြင့်လာနေပြီးဖြစ်သော အဆိုပါတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ အရာရှိ ၉ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးကြောင်း၊ ချင်းပူးပေါင်းတပ်က စစ်သုံ့ပန်းများအပြင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်မှလည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ကျဆုံးမှုများ ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

မြန်မာဘက်ကို ကုန်ပစ္စည်းပို့သော မီဇိုးယာဉ်မောင်းတစ်ဦးသေဆုံးမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.