Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

0
By Editor on March 7, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ပြင်က စစ် ကောင်စီတပ်စခန်းကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၅ နာရီခွဲလောက်က သွားရောက်ပ စ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးတယ်လို့ PDF-Zoland ကထုတ်ပြန်ပါတယ်။

ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းပေါ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တပ်စွဲလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို CNA, PDF-Zoland, CNDF, CDM-Siyin, CDF-Hualngoram စတဲ့ပူပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့က တော့ အကျဆုံးမရှိပဲ ဒဏ်ရာရသူအနည်းငယ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရိခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အချာကျတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လုံခြုံရေး တပ်ဖွဲ့တွေချပေးဖို့ စစ်ကောင်စီဥက္ကဌထံ တင်ပြခဲ့ပြီးနောက် ရိတပ်စခန်းက စစ်သားတစ်ဝက်လောက်ဟာ အမှတ် (၂) ရပ်ကွက်ဘက်သို့ စခန်းချတပ်စွဲလာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစခန်းချတပ်စွဲလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ဒေသခံပြည်သူတွေစိုးရိမ်ထိပ်လန့်ခဲ့ရသလို ရေရှည်မှာပြည်သူတွေ အပေါ်အနှောက်အယှက်ပေးလာနိုင်တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ CDF-Hualngoram ကလည်း ထုတ်ပြန်ထားပါတယ်။

ယနေ့မနက်တိ်ုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်တစ်နာရီ ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

ရိခေါဒါရ်မြို့သည် အမှတ် (၁) နဲ့ အမှတ်(၂) ရပ်ကွက်နှစ်ခုရှိကာ ရပ်ကွက်တစ်ခုနဲ့တစ်ခုဟာ ၂ မိုင်လောက်ကွာဝေးပြီး ယခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီး အမှတ် (၂) ရပ်ကွက်က ပြည်သူသုံးပုံနှစ်ပုံလောက်ကတော့ တဖက် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.