Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

0
By Editor on March 7, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ပြင်က စစ် ကောင်စီတပ်စခန်းကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၅ နာရီခွဲလောက်က သွားရောက်ပ စ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးတယ်လို့ PDF-Zoland ကထုတ်ပြန်ပါတယ်။

ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းပေါ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တပ်စွဲလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို CNA, PDF-Zoland, CNDF, CDM-Siyin, CDF-Hualngoram စတဲ့ပူပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့က တော့ အကျဆုံးမရှိပဲ ဒဏ်ရာရသူအနည်းငယ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရိခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အချာကျတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လုံခြုံရေး တပ်ဖွဲ့တွေချပေးဖို့ စစ်ကောင်စီဥက္ကဌထံ တင်ပြခဲ့ပြီးနောက် ရိတပ်စခန်းက စစ်သားတစ်ဝက်လောက်ဟာ အမှတ် (၂) ရပ်ကွက်ဘက်သို့ စခန်းချတပ်စွဲလာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစခန်းချတပ်စွဲလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ဒေသခံပြည်သူတွေစိုးရိမ်ထိပ်လန့်ခဲ့ရသလို ရေရှည်မှာပြည်သူတွေ အပေါ်အနှောက်အယှက်ပေးလာနိုင်တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ CDF-Hualngoram ကလည်း ထုတ်ပြန်ထားပါတယ်။

ယနေ့မနက်တိ်ုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်တစ်နာရီ ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

ရိခေါဒါရ်မြို့သည် အမှတ် (၁) နဲ့ အမှတ်(၂) ရပ်ကွက်နှစ်ခုရှိကာ ရပ်ကွက်တစ်ခုနဲ့တစ်ခုဟာ ၂ မိုင်လောက်ကွာဝေးပြီး ယခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီး အမှတ် (၂) ရပ်ကွက်က ပြည်သူသုံးပုံနှစ်ပုံလောက်ကတော့ တဖက် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.