Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့တွင် ရေခန်းခြောက်မှုကြောင့် သောက်သုံးရေအခက်တွေ့

ရိခေါဒါရ်မြို့တွင် ရေခန်းခြောက်မှုကြောင့် သောက်သုံးရေအခက်တွေ့

0
By Editor on January 31, 2019 Headline

By မိုးကျော် – ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ဒေသခံများ အဓိကအသုံးပြုနေသည်ဟု ရေအရင်းအမြစ် ရေထွက်လျော့နည်းလာခြင်းကြောင့် သောက်သုံးရေရရှိမှု အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

အဓိကအသုံးပြုနေသည့် စိမ့်စမ်းရေခန်းခြောက်လာပြီး ရေထွက်လျော့နည်းလာခြင်းကြောင့် ဒေသခံများ သောက်သုံးရေရရှိ မှု အခက်တွေ့ကြုံနေရသည့်အပြင် ဆေးရုံတွင် (၃) ရက်လုံးလုံး ရေပြတ်သွားကြောင်း အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောသည်။

“ဒီနှစ်ကခါတိုင်းနှစ်ထက် စောပြီးရေရှားနေပါတယ်၊ ကျွန်တော်တို့ ရပ်ကွက် (၁) မှာ ရေလှောင်ကန် (၃) ကန်ကနေ ရေဖြန့်ဝေသုံးစွဲကြပါတယ်၊ ရေပိုက်လိုင်းနဲ့နီးတဲ့ ရပ်ကွက်ကတော့ အစဉ်ပြေသေးတယ်၊ ကျန်ကန်ကနေ ဖြန့်ဝေပေးတဲ့ရပ်ကွက်တွေကတော့တခါတလေ တရက်မှာ (၅) ဂါလံလောက်ဘဲရေရကြပါတယ်၊ ပြီးခဲ့တဲ့ အပတ်တုန်းကဆို ဆေးရုံမှာ (၃)ရက်လုံးလုံးရေမရဘူး” ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေကြောင်း သိရပြီး လုံလုံလောက်လောက်မရရှိသေးသော်လည်း လောလောဆယ် အဆင်ပြေ နေသေးကြောင်းနှင့် မတ်လနောက်ပိုင်းတွင် ဒီထက် ရေရှားပါးလာနိုင်ကြောင်း ဦးချန့်လျန်နာက ယခုလို ဆက်ပြောသည်။

“အနီ်းနားက ရေထွက်သေးသေးလေးတွေကိုစုပြီး ကိုယ့်အားကိုယ်ကိုးဖြင့်ပလပ်စတစ်ပိုက်များဝယ်ယူပြီး ဒေသခံပြည်သူများ လုပ်အားဖြင့် သွယ်ယူကြပါတယ် လုံလုံလောက်လောက်မရရှိသေးသော်လည်း လော လောဆယ်တော့ အဆင်ပြေနေပါတယ်။ ဒါပေမယ့်လည်း မတ်လနောက်ပိုင်းဆိုရင်ပိုပြီးတော့ ရေရှားလာဖွယ်ရှိပါတယ်” ဟု သူကဆက်ပြောသည်။

ဒေသခံအချို့သည် ရိရေကန်မှ ကန်ရေကို ခပ်ယူအသုံးပြုနေကြရကြောင်းနှင့် အနံ့အသက်မကောင်းသည့်အတွက် သောက်သုံးရန်မသင့်သော်လည်း ဆိုင်ကယ်ဖြင့် သယ်ယူသုံးစွဲနေကြရသည်ဟု ဦးချန့်လျန်ကပြောသည်။

ရိခေါဒါရ်မြို့ရှိ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရသော ရေပြဿနာကို ဖြေရှင်းရန် ရာသီမရွေး တစ်မြို့လုံးသောက်သုံးရေ အသုံးပြု နိုင်သည့် ရိခေါဒါရ်မြို့နှင့် မိုင် (၂၀) ခန့် ဝေးသည့်နေရာမှ ရေကိုသွယ်ယူနိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တင်ပြတောင်းဆိုခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.