Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့တွင် ရေခန်းခြောက်မှုကြောင့် သောက်သုံးရေအခက်တွေ့

ရိခေါဒါရ်မြို့တွင် ရေခန်းခြောက်မှုကြောင့် သောက်သုံးရေအခက်တွေ့

0
By Editor on January 31, 2019 Headline

By မိုးကျော် – ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ဒေသခံများ အဓိကအသုံးပြုနေသည်ဟု ရေအရင်းအမြစ် ရေထွက်လျော့နည်းလာခြင်းကြောင့် သောက်သုံးရေရရှိမှု အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

အဓိကအသုံးပြုနေသည့် စိမ့်စမ်းရေခန်းခြောက်လာပြီး ရေထွက်လျော့နည်းလာခြင်းကြောင့် ဒေသခံများ သောက်သုံးရေရရှိ မှု အခက်တွေ့ကြုံနေရသည့်အပြင် ဆေးရုံတွင် (၃) ရက်လုံးလုံး ရေပြတ်သွားကြောင်း အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောသည်။

“ဒီနှစ်ကခါတိုင်းနှစ်ထက် စောပြီးရေရှားနေပါတယ်၊ ကျွန်တော်တို့ ရပ်ကွက် (၁) မှာ ရေလှောင်ကန် (၃) ကန်ကနေ ရေဖြန့်ဝေသုံးစွဲကြပါတယ်၊ ရေပိုက်လိုင်းနဲ့နီးတဲ့ ရပ်ကွက်ကတော့ အစဉ်ပြေသေးတယ်၊ ကျန်ကန်ကနေ ဖြန့်ဝေပေးတဲ့ရပ်ကွက်တွေကတော့တခါတလေ တရက်မှာ (၅) ဂါလံလောက်ဘဲရေရကြပါတယ်၊ ပြီးခဲ့တဲ့ အပတ်တုန်းကဆို ဆေးရုံမှာ (၃)ရက်လုံးလုံးရေမရဘူး” ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေကြောင်း သိရပြီး လုံလုံလောက်လောက်မရရှိသေးသော်လည်း လောလောဆယ် အဆင်ပြေ နေသေးကြောင်းနှင့် မတ်လနောက်ပိုင်းတွင် ဒီထက် ရေရှားပါးလာနိုင်ကြောင်း ဦးချန့်လျန်နာက ယခုလို ဆက်ပြောသည်။

“အနီ်းနားက ရေထွက်သေးသေးလေးတွေကိုစုပြီး ကိုယ့်အားကိုယ်ကိုးဖြင့်ပလပ်စတစ်ပိုက်များဝယ်ယူပြီး ဒေသခံပြည်သူများ လုပ်အားဖြင့် သွယ်ယူကြပါတယ် လုံလုံလောက်လောက်မရရှိသေးသော်လည်း လော လောဆယ်တော့ အဆင်ပြေနေပါတယ်။ ဒါပေမယ့်လည်း မတ်လနောက်ပိုင်းဆိုရင်ပိုပြီးတော့ ရေရှားလာဖွယ်ရှိပါတယ်” ဟု သူကဆက်ပြောသည်။

ဒေသခံအချို့သည် ရိရေကန်မှ ကန်ရေကို ခပ်ယူအသုံးပြုနေကြရကြောင်းနှင့် အနံ့အသက်မကောင်းသည့်အတွက် သောက်သုံးရန်မသင့်သော်လည်း ဆိုင်ကယ်ဖြင့် သယ်ယူသုံးစွဲနေကြရသည်ဟု ဦးချန့်လျန်ကပြောသည်။

ရိခေါဒါရ်မြို့ရှိ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရသော ရေပြဿနာကို ဖြေရှင်းရန် ရာသီမရွေး တစ်မြို့လုံးသောက်သုံးရေ အသုံးပြု နိုင်သည့် ရိခေါဒါရ်မြို့နှင့် မိုင် (၂၀) ခန့် ဝေးသည့်နေရာမှ ရေကိုသွယ်ယူနိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တင်ပြတောင်းဆိုခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.