Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရေဘေးသင့် ပလက်ဝစစ်ဘေးရှောင်များအတွက် တတိယအကြိမ်မြောက် အရေးပေါ်အကူအညီများပေးအပ်

ရေဘေးသင့် ပလက်ဝစစ်ဘေးရှောင်များအတွက် တတိယအကြိမ်မြောက် အရေးပေါ်အကူအညီများပေးအပ်

0
By Editor on July 1, 2025 Headline

(004SS)

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ရေဘေးသင့် ပလက်ဝစစ်ဘေးရှောင်များအတွက် ဇွန်လ ၂၇ ရက်နေ့တွင် တတိယအကြိမ်မြောက် အရေးပေါ်လှူဒါန်းမှုများ ဆောင်ရွက်ခဲ့သည်ဟု ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနမှ သိရသည်။

ကာကီစခန်းရှိ စစ်ဘေးရှောင်များအတွက် ဆန် ၁၀၇ အိတ်၊ လောင်းပဆူးစခန်းသို့ ဆန် ၂၅ အိတ်နှင့် တွီဒင်းစခန်းသို့ ဆန် ၁၀၇ အိတ် စုစုပေါင်း ဆန် ၂၃၄ အိတ်၊ ဆား ၁၀၀ အိတ်နှင့် ဆီ ၈၄ ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

လုံးဝပျက်စီးသွားသည့် နေအိမ် ၈၅ ဆောင်အတွက် တစ်အိမ်ထောင်လျှင် ရူပီး ၃၀၀၀ နှုန်းဖြင့် စုစုပေါင်း ရူပီး ၂၅၅၀၀၀ ကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သည်ဟုသိရသည်။

သို့သော် နေအိမ်ပြန်လည်တည်ဆောက်ရန် သစ်ဝါး၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ ဆက်လက်လိုအပ်နေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် Salai Soe Than ကို +91 92336 76151 ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနမှ စစ်ဘေးရှောင်နှင့် ရေဘေး သင့်ပြည်သူများအား ဆန် ၁၈၀ အိတ်၊ မိုးကာ ၁၀၀ ချပ်နှင့် အိမ်သာခွက်ပိုက် ၁၀၀ အပါအဝင် အခြေခံလိုအပ်ချက်ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် လှူဒါန်းခဲ့ပြီးဖြစ်သည်။

အလားတူ ဇွန်လ ၇ ရက် နှင့် ၈ ရက်နေ့တို့ကလည်း စစ်ရှောင်စခန်း ၃ ခုရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ် ၁၃၀၊ ဆီ၊ ပဲ၊ အာလူး စသည့် အခြေခံစားနပ်ရိက္ခာများကို လူသားစာနာကူညီရေးဌာနနှင့် ပလက်ဝကောင်စီတို့ပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် ပလက်ဝ စစ်ဘေးရှောင်များနေထိုင်သည့် မီဇိုရမ် ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ တွီဒင်း၊ ကာကီနှင့် လောင်မဆူ စစ်ဘေးရှောင်စခန်းများမှ အိမ်ခြေ ၁၄၁ အိမ်၊ လူဦးရေ ၇၂၉ ဦး ရေဘေးဒဏ်သင့်ခဲ့ပြီး လုံးဝ ပျက်စီးသွားသည့် အိမ်ခြေ ၉၁ အိမ်၊ အိမ်သာ ၁၁၂ လုံး ပျက်စီးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.