Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တမူးမြို့၊ ထန်းတပင်ကျေးရွာဒေသခံများ နယ်စပ်နေရာများတွင် တဲထိုးပြီးနေထိုင်ကြရ
ပုံစာ - ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့က စစ်ကောင်စီတပ်ကမီးရှို့ခဲ့သည့်ထန်တပင်ကျေးရွာ။

ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တမူးမြို့၊ ထန်းတပင်ကျေးရွာဒေသခံများ နယ်စပ်နေရာများတွင် တဲထိုးပြီးနေထိုင်ကြရ

0
By Editor on January 12, 2024 Headline

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသည့် ထန်းတပင်ကျေးရွာက ဒေသခံများသည် ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ အန္ဒိယ- မြန်မာနယ်စပ်ဘက်တွင် တဲထိုးနေထိုင်ကြရသည်ဟု ဒေသခံ များက ပြောသည်။

ထန်းတပင်ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ပြန်မယ့်နေရာမှ မရှိတာ၊ အိမ်မှ မရှိကြတော့တာ၊ တဲထိုးပြီး နေကြတယ်။ သွပ်ပြားတွေ မီးလောင်တဲ့ မကောင်းတဲ့ဟာတွေလည်း သွားယူကြပြီး နယ်စပ်တွေမှာနေကြတာ၊ ရွာထဲဝင်ရင်လည်း ဘာမှနေလို့မရတာ ဘယ်မှာသွားနေမလဲ အိမ်တွေကနည်းနည်းပဲကျန်တာ” ဟု ပြောသည်။

လက်ရှိချိန်တွင်လည်း တမူးမြို့နယ်ဘက်တွင် စစ်ရေးအခြေအနေ မတည်ငြိမ်သေးတာကြောင့် ပြည်သူများ စိုးရိမ် ကြောက်ရွံပြီး နေရပ်ပြန်၍ နေအိမ်များ ပြုပြင်ခြင်းများ လုပ်ဆောင်ရန် ခက်ခဲနေသဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် အဆင်ပြေသလို နေထိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။

ရွာခံတချို့မှာလည်း တမူးမြို့ပေါ်နှင့် တခြားကျေးရွာရှိ ဆွေမျိုးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။

ချင်းလူမျိုးအများစုနေထိုင်သည့် ထန်းတပင်ကျေးရွာသည် ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး ပြည်သူအားလုံးကို ဘောလုံးကွင်းထဲသို့ ခေါ်ဆောင်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထန်းတပင်ကျေးရွာခံ ပြည်သူများသည်  အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့ပေါ်နှင့် နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးခဲ့ကြရပြီး အဝတ်အထည်၊ တာလပတ်မိုးကာ၊ ဆန်၊ ဆီ၊ ဆား အပါအဝင် ဆေးဝါးများ အကူအညီ လိုအပ်နေသည်ဟု စစ်ရှောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့က အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ထန်းတပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ဘုရားကျောင်းအပါဝင် အိမ်ခြေ ၂၃၀ ခန့်မီးလောင်ပြာကျခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.