Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရွေးကောက်ပွဲဝင်ကြမည့် ပါတီဝင်ဟောင်း ၄ ဦး နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း CNLD ကြေညာ

ရွေးကောက်ပွဲဝင်ကြမည့် ပါတီဝင်ဟောင်း ၄ ဦး နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း CNLD ကြေညာ

0
By Editor on October 30, 2025 Khonumthung

(006SV)

စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီထိပ်ပိုင်းခေါင်းဆောင် ၄ ဦးသည် CNLD ပါတီဝင်အဖြစ်မှ ရပ်စဲခံထားရသူနှင့် နှုတ်ထွက်ထားသူများဖြစ်ပြီး ပါတီနှင့် သက်ဆိုင်မှုမရှိတော့ကြောင်း ယင်းပါတီက ယနေ့မှာ ကြေညာသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားတန်တူးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညိ ရပ်တည်လျက် တစိုက်မတ်မတ် ဆောင်ရွက်နေသည့် ပါတီဖြစ်သည်ဟု ယနေ့ အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်သည်။

Pu No Than Kap၊ Pu Zozam (ခေါ်) Zam Cin Pau၊ Salai Nhagepi (ခေါ် ) Thian Uk Thang နှင့် Pu Van Hmun Lian တို့သည် CNLD ပါတီနှင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း ပြည်သူလူထုကို အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Pu No Than Kap နှင့် Pu Zozam တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်သည့် ပါတီညီလာခံတွင် ဒီမိုကရေ စီနည်းလမ်းဖြင့် ရွေးကောက်ဖွဲ့စည်းသည် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်ခြင်း မရှိတော့ကြောင်း CNLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pu No Than Kap သည် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်တွင် CNLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်စာ ပေးပို့ပြီး ပါတီဝင်အဖြစ် နှုတ်ထွက်ခဲ့ပြီဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲတွင် Pu No Than Kap သည် ချင်းပြည်သစ် ကွန်ဂရက်ပါတီ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Pu Zozam ခေါ် Zam Cin Pau သည် ၂၀၂၁ ပါတီညီလာခံပြီးနောက် ပါတီနှင့် အဆက်အသွယ်ဖြတ်၍ ပါတီမူဝါဒ ရပ်တည် ချက်နှင့် သဘေထားကွဲလွဲခဲ့သည့်အတွက် ပါတီ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီက ပါတီဝင်အဖြစ်မှ ရပ်စဲပြီဖြစ်သည်ဟု သိရသည်။
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး Pu Zozam သည် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်အမှတ် ၆ မှ လက်ရှိ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Salai Nhagepi ခေါ် Thian Uk Thang သည် ၂၀၂၁ ပါတီညီလာခံက ဖွဲ့စည်းလိုက်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်ခဲ့သော်လည်း ညီလာခံနောက်ပိုင်း ပါတီနှင့် အဆက်အသွယ်ဖြစ်ပြီး ပါတီ၏ မူဝါဒ ရပ်တည်ချက်နှင့် သဘောထားကွဲလွဲခဲ့သည့်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်သည်ဟု သိရသည်။

စစ်ကော်မရှင်၏ လက်ရှိ ရွေးကောက်ပွဲတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီကိုယ်စားပြုပြီး ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၃ မဲဆန္ဒနယ်ကနေ Salai Nhagepi သည် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ထန်တလန်မဲဆန္ဒနယ်မှ CNLD ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော Pu Van Hmun Lain သည် ရွေးကောက်ပွဲနောက်ပိုင်းတွင် ပါတီနှင့် အဆက်အသွယ်ဖြစ်ပြီး ပါတီ၏ မူဝါဒရပ်တည်ချက်နှင့် သဘောထားကွဲလွဲခဲ့သည့်အတွက် ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်သည်ဟု သိရသည်။

CNLD ပါတီသည် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံတွင် ပါတီမှတ်ပုံမတင်တော့ဘဲ လက်ရှိ ရွေးကောက်ပွဲတွင်လည်း ပါဝင်ခြင်း မရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကူကီးအမျိုးသမီးအဖွဲ့က တမူးမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

နတ်ရေကန်တောင်ခြေ ကာကင်းစခန်း တိုက်ပွဲမှာ CDF – အရှို ရဲဘော် ၁ ဦးကျဆုံး

ဟားခါးမြို့‌ပေါ်တွင် သုံးလကျော်ကြာ ညမထွက်ရအမိန့် CDF – ဟားခါး ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.