Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်သူ့တာဝန်ထမ်းဆောင်ရာတွင် လူ့ဂုဏ်သိက္ခာနှင့် တစ်ဦးချင်းစီ၏ ရပ်တည်ချက်ကို အလေးထားရန် Zomi Innkuan USA, Inc. တောင်းဆို

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်သူ့တာဝန်ထမ်းဆောင်ရာတွင် လူ့ဂုဏ်သိက္ခာနှင့် တစ်ဦးချင်းစီ၏ ရပ်တည်ချက်ကို အလေးထားရန် Zomi Innkuan USA, Inc. တောင်းဆို

0
By Editor on April 2, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ) အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေးနှင့် ပြည်သူ့တာဝန် ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် တစ်ဦးချင်းစီ၏ ရပ်တည်ချက်များကို အလေးထားလိုက်နာကြရန် Zomi Innkuan USA က အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ တူလ်ဆာမြို့အခြေစိုက် Zomi Innkuan USA, Inc. က ဇိုဂမ်ဒေသအတွင်းရှိ ဇိုမီးလူမျိုးများအား မဖြစ်မနေ စစ်မှုထမ်းရန် ဖိအားပေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မတ်လ ၃၁ ရက်နေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယခုရက်ပိုင်းအတွင်း ဇိုဂမ်ဒေသရှိ မိဘပြည်သူများအား စစ်မှုထမ်းရန် ဖိအားပေးနေ မှုများအပေါ် အထူးစိုးရိမ်မကင်း ဖြစ်ရကြောင်း ဖော်ပြထားသည်။

တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ဇိုမီးလူမျိုးတို့၏ အနာဂတ်အတွက် ပေးဆပ်နေမှုများကို အသိအမှတ် ပြုသော်လည်း ပါဝင်ကူညီ အမှုထမ်းရာတွင် ကာယကံရှင်တစ်ဦးချင်းစီ၏ သဘောဆန္ဒ၊ လူသားဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် စသည့် အခြေခံမူများအပေါ် လေးစားမှုကို အခြေခံသင့်ကြောင်း ဆိုသည်။

အထူးသဖြင့် စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ချက်ချင်းရပ်တန့်ပေးရန် တိုက်တွန်းထားသည်။

ထို့အပြင် ခိုင်မာစည်းလုံးသော အနာဂတ်ကို တည်ဆောက်ရာတွင် အင်အားသုံး နိုင်ထက်စီးနင်းပြုခြင်းမျိုး မဟုတ်ဘဲ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းတာဝန်ယူမှုနှင့် တစ်ဦးချင်းစီ၏ အခွင့်အရေးကို လေးစားမှုတို့ အပေါ်တွင်သာ အခြေခံသင့်ကြောင်း Zomi Innkuan USA က ထောက်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ယနေ့ လွှတ်တော်မှာ သမ္မတ တင်မြှောက်

CDF-Lautu အတွက် “The 20 Project” စီမံချက်မှ လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းများဝယ်ယူနိုင်ခဲ့ဟု ဆို

ချင်းပြည်(Chinland) အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဝန်ထမ်းအသစ်များ ခေါ်ယူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.