Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လက်ပံချောင်းလမ်းပိုင်း မှ ကလေး-တမူးကားလမ်းပြန်လည် အသုံးပြုနိုင်

လက်ပံချောင်းလမ်းပိုင်း မှ ကလေး-တမူးကားလမ်းပြန်လည် အသုံးပြုနိုင်

0
By Editor on July 3, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်ထားသော အာရှလမ်းမကြီး ပိတ်ထားဆဲဖြစ်သော်လည်း ဇွန်လ (၃၀) ရက်နေ့ကစ၍ လက်ပံချောင်းလမ်းမှတဆင့် ကလေး-တမူးကားလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။

ကလေးမြို့ခံတဦးက “အခုလောလောဆယ်မှာ တိုက်ပွဲဖြစ်တာတွေ မရှိဘူး၊ မြောက်ပိုင်းလမ်းတွေ လက်ပံချောင်း လမ်းပိုင်းတော့ ကားက အသွားအလာပုံမှန်သွားနေပြီ၊ကျွန်တော်လည်း ဝမ်းသာပေးနေတာ၊ သူတို့ (စကစ) တွေက ဆည်ကြီးတံတာမှာ တပ်စွဲထားတယ် အကြောင်းကြားပြီးရင် ပုံမှန်အတိုင်းသွားလာလို့ရတယ်။ အဲ့မှာတော့ အလှူတော့ခံ ကြတယ်” ဟုပြောသည်။

ကလေး-တမူကားလမ်းပိုင်းသည် စစ်ရေးအခြေအနေများကြောင့် ပုံမှန်လမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီး အတိုင်းသွားလာ၍မရဘဲ ကလေးမြို့မှ ချင်းတောင်ကတဆင့် လက်ပံချောင်းဘက်သွားကာ ရာဇဂြိုဟ်မှ ခါမ်းပါတ်သို့ ကွင်းလမ်းဖြင့် ခရီးသွားလာရခြင်းဖြစ်သည်။

ကလေးမြို့မှ တမူးမြို့သို့ ကွင်းလမ်းဖြင့် ခရီးသွားရသော ထိုကားလမ်းပိုင်းကို စစ်ကောင်စီက ၂၀၂၄၊ ဧပြီလ တွင် ပိတ်လိုက်ပြီးနောက် နှစ်လအကြာတွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ဇွန်လ ၂၂ ရက်နေ့ တွင်လည်း တစ်နှစ်ကြာပိတ်ထားသော တမူး-ခမ်းပါတ်ကားလမ်းပိုင်း ပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် တမူး-ခမ်းပါတ်နှင့် ကလေးမြို့ လက်ပံချောင်းကားလမ်းပိုင်းအသုံးပြုနိုင်ပြီဖြစ်သာ်လည်း ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးမှာ ပိတ်ထားဆဲဖြစ်သည်။

ကလေးမြို့နှင့် တမူးမြို့သည် မိုင် (၉၀) ခန့်သာကွာဝေးပြီး ယခင်တွင် ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ တသောင်းခန့်သာရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေများကြောင့် ယာဉ်စီးခနှုန်းထားများ တဖြည်းဖြည်းမြင့်တက်လာသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.