Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လက်ရှိ တက်လာသော စစ်အစိုးရသည် အတုအယောင် ရွေးကောက်ခံ စစ်အစိုးရသာဖြစ်ဟု BNI ကြေညာ

လက်ရှိ တက်လာသော စစ်အစိုးရသည် အတုအယောင် ရွေးကောက်ခံ စစ်အစိုးရသာဖြစ်ဟု BNI ကြေညာ

0
By Editor on April 8, 2026 Headline

(006SV)

အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ များကိုသာ ကျင်းပခဲ့ခြင်းကြောင့် လက်ရှိ တက်လာသော စစ်အစိုးရသစ်သည်လည်း အတုအယောင် ရွေးကောက်ခံ စစ်အစိုးရသာဖြစ်ကြောင်း BNI က ထုတ်ပြန်သည်။

” ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ” ဟု အမည်ပေးထားသော မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများရှိ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များဆန်းစစ်ခြင်း အစီရင်ခံစာကို ဧပြီလ ၆ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ရာ တွေ့ရှိချက်များထဲ Burma News International မှ တာဝန်ရှိသူများက ထည့်သွင်းပြောခြင်းဖြစ်သည်။

“၂၀၂၅ ရွေးကောက်ပွဲတွေက ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိဘူးဆိုတာကို အားလုံးက သိပြီးသာဖြစ်တယ်။ စစ်အုပ်ချုပ်ရေး ပုံစံကိုပဲ နောက်ထပ် ပြောင်းလဲဖို့အတွက် ဖန်တီးထားတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ ဖြစ်တယ်ဆိုတာကို အခိုင်အမာ ပြောချင်တယ်။ မဲပေးခွင့် ရှိတဲ့ သူ ၃၅ ရာခိုင်နှုန်းကျော်ကို စာရင်းကနေ ပယ်ဖျက်ခဲ့တာ၊ အတိုက်အခံပါတီတွေကို ဖျက်သိမ်းခဲ့တာနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကြိုတင်မဲတွေနဲ့ပဲ ဒီရွေးကောက်ပွဲကို နိုင်အောင် လုပ်ခဲ့တာတွေကြောင့် တရားဝင်မှု အပေါ်ယံလွှာကို ဖန်တီးထားတာထက် မပိုဘူးဆိုတာကို ထောက်ပြချင်ပါတယ်။ အခုတက်လာတဲ့ အစိုးရဟာလည်း အတုအယောင် ရွေးကောက် ပွဲကနေ တက်လာတဲ့ အစိုးရပဲ ဖြစ်တဲ့အတွက် သူတို့ကို အတုအယောင် အစိုးရလို့ပဲ သတ်မှတ်ရမှာ ဖြစ်တယ်။ အတုအယောင် အစိုးရလို့ပဲ တောက်လျှောက်ခေါ်သွားရမှာပါ” ဟု ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ မအာမီက ပြောသည်။

၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလများတွင် အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပသော ရွေးကောက်ပွဲများသည် ဒီမိုက ရေစီစံနှုန်းများကို ပြည့်မီခြင်း မရှိဘဲ စစ်အုပ်ချုပ်ရေး ပုံစံပြောင်းလဲ၍ စစ်အုပ်စု အာဏာတည်မြဲစေရန် ဖန်တီးထားသော လုပ်ငန်းစဉ်သာဖြစ်သည်ဟု BNI ကပြောသည်။

ဒီမိုကရေစီ စံနှုန်း၊ လူထုကိုယ်စားပြုမှုဖြစ်သည့် ရွေးကောက်ပွဲကို အသုံးချပြီး အစိုးရတစ်ရပ်ဖြစ်လာရေး ဖန်တီးမှုသည် ဒီမိုက ရေစီကို စော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ လက်ရှိ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး ပြည်သူ လက်ခံသည့် အစိုးရ မဟုတ်ကြောင်း BNI ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောသည်။

စစ်ကော်မရှင်သည် နိုင်ငံတဝန်း မဲပေးခွင့် ရှိသူ၏ ၃၅ ရာခိုင်နှုန်းကို မဲစာရင်းမှ ပယ်ဖျက်ခဲ့ပြီး နိုင်ငံတဝန်း နယ်မြေ အမြောက်အများ တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း၊ တိုင်းရင်းသား ဒေသ အစိတ်အပိုင်း အတော်များများမှာ မဲပေးခြင်း လုပ်ငန်းစဉ်မှ လုံးဝဖယ်ထုတ်ခံခဲ့ရပြီး လူထုအသံများ လစ်လျူရှု ခံခဲ့ရကြောင်း ဟု BNI ၏ အစီရင်ခံစာက ဆိုသည်။

“ပြည်သူလူထုရဲ့ ငြင်းပယ်မှုတွေအတွက် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်မပြုမှုတွေက ဒီလုပ်ငန်းစဉ်ရဲ့ တရား မဝင်မှုကို အတည်ပြုပေးလိုက်တာဖြစ်တယ်။ ဒါကြောင့် ကျမတို့ တိုက်တွန်းချင်တာက နိုင်ငံတကာအနေနဲ့လည်း နိုင်ငံရေး ပုံမှန် ခြေလှမ်းလို့ အဓိပ္ပါယ် အမှားမကောက်ပဲနဲ့ မြေပြင်မှာ ရှိနေတဲ့ လူထု သဘောထား၊ ဒေသတွင်းမှာ ဖြစ်နေတဲ့ စစ်ရေးအခြေ အနေတွေကို သိပြီးတော့ ဖယ်ကျင် ခံထားရတဲ့ လူထုတွေရဲ့ အသံကို နားထောင်ပေးဖို့၊ အဲဒီအသံတွေကပဲ ဗဟိုပြုပြီးတော့ ရှေ့ဆက်ဆောင်ရွက်သင့်တာတွေကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု မအာမီက ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲကို နိုင်ငံရေး ပုံမှန်ခြေလှမ်းအဖြစ် အဓိပ္ပါယ်အမှား မကောက်ယူသင့်ကြောင်း BNI က သတိပေးထားသည်။

အစီရင်ခံစာအရ စစ်ကော်မရှင်သည် ရွေးကောက်ပွဲများကို နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာ အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့ပြီး မြို့နယ် ၆၇ မြို့နယ်မှာ ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း၊ ကျင်းပနိုင်သော မြို့နယ် ၂၆၃ မြို့နယ်တွင် ရပ်ကွက် ၂၁၆ ခုနှင့် ကျေးရွာအုပ်စု ၃၆၈၂ ခုမှာ မဲပေးခွင့် ဆုံးရှုံးထားကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူ ၃၈ သန်း ရှိခဲ့ပြီး ၂၀၂၅ စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ၂၄.၁၃ သိန်းသာ ရှိသာကြောင့် မဲဆန္ဒရှင် ၁၃ သန်းကျော် မဲပေးခွင့် ဆုံးရှုံးထားသည်ဟု သိရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အတုအယောင် ရွေးကောက်ပွဲများ ကျင်းပပြီးနောက် လွှတ်တော်များ ခေါ်ယူနေကာ မိမိကိုယ်ကို ရွေးကောက်ခံ သမ္မတဟူ၍ သုံးနှုန်းလျက် စစ်အစိုးရသစ်ကို ဝန်ကြီးဌာန ၃၁ ခု ဖြင့် ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဆောင်ရွက်မည် ဟု စစ်ခေါင်းဆောင် ပြော

ချင်းနှင့် အာရက္ခလူထု အကျိုးစီးပွားကို အပြန်အလှန်ကာကွယ်စောင့်ရှောက်ပြီး AA နဲ့ ရေရှည်လက်တွဲမည်ဟု CB နှင့် CPA ထုတ်ပြန်

ချင်းပြည်လွတ်မြောက်ရေး ဆက်ပြီးကြိုးပမ်းဆောင်ရွက်မည်ဟု CDF-Thantlang ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.