Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တီးတိန်မြို့တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲ

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တီးတိန်မြို့တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲ

0
By Editor on July 23, 2025 Headline

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသ အဓိကဆက်သွယ်ထားသည့် ကလေး -သိုင်းငင်းကား လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်ပိတ်ထားခြင်းကြောင့် တီးတိန်မြို့ပေါ် တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက “အဓိက ရှုခင်းသာဖက်ကနေ လမ်းပိတ်ထားတယ်။ လမ်းအရမ်းဆိုး တော့ ကားတွေ ကလည်း (၁)ရက်နဲ့မရောက်တော့ဘူး (၂) ရက် (၃) ရက်လောက် ကြာတယ် ပိမ်းပိလမ်း ဖက်မှာကားတွေက နစ်တာကိုး၊ တန်ဆာလဲတော်တော်လေးတက်သွားတယ်။ စားကုန် တွေက တော်တော်လေး ဈေးတက်သွားတယ်။ တခါတလေ ကြက်သားပြတ်လိုက်၊ ကြက်ဥပြတ်လိုက်နဲ့ အဲ့လိုမျိုး တွေရှိတယ်။ ဆန်ဆိုရင် အရင်တုန်းက အများဆုံး (၁) သိန်းခွဲ လောက်ပဲရှိတာ။ တက်တာကတော့ အကုန်လုံးကို တက်နေတော့တာ။”ဟု ပြောသည်။

ဇူလိုင် ၁၇ ရက်နေ့မှ စတင်ပြီး ကလေး- သိုင်းငင်း လမ်းမကြီးအား ခရီးသွားပြည်သူများ ပြန်လည် အသုံးပြုသွားလာနိုင် ပြီဖြစ်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဖက်က ဆက်လက် ပိတ်ထားဆဲဖြစ် သောကြောင့် ချင်းပြည်နယ်မြောက်ပိုင်းတွင် ကုန်ဈေးနှုန်းမြင့် တက်ခြင်း၊ ခရီးကြန့်ကြာခြင်းများ ကြုံတွေ့နေကြရ ခြင်းဖြစ်သည်။

တီးတိန်မြို့ပေါ်တွင် ယခင် ဆန်တအိတ်လျှင် (၁၂၀,၀၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ကြသော်လည်း လက်ရှိတွင် ဧရာမင်း ကော်ချက် ဆန်အသစ် တအိတ်လျှင် (၁၅၀,၀၀၀) ကျပ်၊ ဧရာမင်း ကော်ချက် ဆန် အဟောင်း တအိတ်လျှင် (၁၈၀ ,၀၀၀) ကျပ်၊ ကြက်ဥ တလုံး (၁,၀၀၀) ကျပ်၊ ကြက်သား ၁ပိဿာ (၃၀,၀၀၀) ကျပ်၊ နွားနောက်သား ၁ပိဿာ (၃၀,၀၀၀) ကျပ်၊ ဝက်သား ၁ပိဿာ (၄၅ ,၀၀၀) ကျပ် တို့ဖြင့် ဝယ်ယူစားသုံးကြရသည်။

တီးတိန်မြို့ပေါ်တွင် ယခင်ထက် ကုန်ကားဝင်ရောက်မှုနည်းပါးမှုကြောင့် မြို့ခံများသည် ကွင်းလမ်းအသုံးပြုကာ ကလေးမြို့သို့ ဆိုင်ကယ် ကယ်ရီဖြင့်ကုန် ပစ္စည်းများကို သယ်ယူကြရကြောင်း တီးတိန်မြို့ခံကပြောသည်။

လက်ရှိတွင် ချင်းတောင်ဖက်တက်သည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်ငယ်များသည် ကွင်းလမ်း ဖြစ်သည့် ပိမ်းပိလမ်း နှင့် ကုန်ပစ္စည်း တင်ဆောင်သည့် ကုန်ကားကြီးများသည် ဝေဘူလ- ဗားရ် လမ်းပိုင်း အသုံးပြုနေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.