Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းပစ်ကူမှုများပြုလုပ်နေ

လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းပစ်ကူမှုများပြုလုပ်နေ

0
By Editor on November 20, 2023 Headline

(003PT)

ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်နှင့် လေကြောင်းပစ်ကူမှုများ ပြုလုပ်နေသည်ဟု သိရသည်။

အင်အား ၃၀ ကျော်ခန့်ရှိသော လိုင်လင်းပီမြို့က စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ခန့်ကစ၍  ချင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်း (Drone) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီဖက်က  လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်လာသည်ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ညကတည်းက ကျွန်တော်တို့က Drone နဲ့ အဲ့လိုမျိုးကြဲတယ်ဆိုတော့လည်း သူတို့ဖက်ကနေလည်း တန်ပြန်လာ မပစ်နိုင်ဘူးပေါ့နော်။ ဒီမနက် ၉ နာရီလောက်မှာ Jetfighter နှင့် ဗုံး သုံးလုံးလာချသွားတာရှိတယ်။ ဒီမနက် ဗုံးလာကြဲ တဲ့အချိန်မှာ သူတို့က လက်နက်ကြီးနှင့် တစ်ချက် နှစ်ချက်လာပစ်တာရှိတယ်။ ကျွန်တော်တို့ဖက်ကတော့ တကယ်ပစ်တဲ့ ဟာမျိုးမရှိသေးဘူးပေါ့နော်” ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လိုင်လင်းပီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

လိုင်လင်းပီမြို့ခံပြည်သူများမှာ တိုက်ပွဲအဖြစ်ခင်ကတည်းက ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြသည်ဟု သိရသည်။

လိုင်လင်းပီတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA၊ CDF-Matupi၊ CDF-Mara၊ CDF-Zophei စသည့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကြောင်းသိရပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.