Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းပစ်ကူမှုများပြုလုပ်နေ

လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းပစ်ကူမှုများပြုလုပ်နေ

0
By Editor on November 20, 2023 Headline

(003PT)

ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်နှင့် လေကြောင်းပစ်ကူမှုများ ပြုလုပ်နေသည်ဟု သိရသည်။

အင်အား ၃၀ ကျော်ခန့်ရှိသော လိုင်လင်းပီမြို့က စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ခန့်ကစ၍  ချင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်း (Drone) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီဖက်က  လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်လာသည်ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ညကတည်းက ကျွန်တော်တို့က Drone နဲ့ အဲ့လိုမျိုးကြဲတယ်ဆိုတော့လည်း သူတို့ဖက်ကနေလည်း တန်ပြန်လာ မပစ်နိုင်ဘူးပေါ့နော်။ ဒီမနက် ၉ နာရီလောက်မှာ Jetfighter နှင့် ဗုံး သုံးလုံးလာချသွားတာရှိတယ်။ ဒီမနက် ဗုံးလာကြဲ တဲ့အချိန်မှာ သူတို့က လက်နက်ကြီးနှင့် တစ်ချက် နှစ်ချက်လာပစ်တာရှိတယ်။ ကျွန်တော်တို့ဖက်ကတော့ တကယ်ပစ်တဲ့ ဟာမျိုးမရှိသေးဘူးပေါ့နော်” ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လိုင်လင်းပီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

လိုင်လင်းပီမြို့ခံပြည်သူများမှာ တိုက်ပွဲအဖြစ်ခင်ကတည်းက ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြသည်ဟု သိရသည်။

လိုင်လင်းပီတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA၊ CDF-Matupi၊ CDF-Mara၊ CDF-Zophei စသည့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကြောင်းသိရပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.