Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်များအတွက် ဆန်စတင်ဖြန့်ဝေ

လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်များအတွက် ဆန်စတင်ဖြန့်ဝေ

0
By Editor on November 11, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့ရေး အစီစဉ်ကို ယနေ့စတင်လိုက်ပြီး လောင်တလိုင်မြို့က ကာနန်စစ်ဘေးရှောင်စခန်းတွင် စတင်ပေးအပ်ခဲ့သည်ဟု သိရသည်။

လောင်တလိုင်မြို့ Chandmary ရပ်ကွက် ကာနန်စစ်ဘေးရှောင်စခန်းတွင် ယနေ့ ကျင်းပပြုလုပ်သော ဆန်ထောက်ပံ့ရေး အစီအစဉ်အခမ်းအနားကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Pu Cheemala Siva Gopal Reddy က ဖွင့်လှစ်အပ်နှံခဲ့သည်ဟု The Lawngtlai Post က ဖော်ပြသည်။

ယခုလက်ရှိလောင်တလိုင်ခရိုင်ထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင်ပြည်သူ ၈၀၂၀ ဦးရှိနေပြီး အများစုမှာ လောင်တလိုင်မြို့ပေါ်မှာနေထိုင်ကြသည်ဟု သိရသည်။

စစ်ဘေးရှောင်အားလုံးအတွက် ရူပီးငွေ ၁၅ သိန်းတန်ဖိုးရှိသော ဆန်တန်ချိန် ၁၅၂၀.၂၂ ကို ဖြန့်ဝေသွားမည်ဟု သိရသည်။

အဆိုပါဆန်များကို စစ်ဘေးရှောင်စခန်းများအားလုံးတွင် စောလျင်စွာ ရောက်ရှိနိုင်ရေးအတွက် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်ဟုလည်း သိရသည်။

ယခုအစီစဉ်သည် အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း ဆောင်ရွက်သည့်အစီစဉ်ဖြစ်သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်ထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင် ၄၅၀၀၀ ခန့်ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင်များသည် လူဦးရေအများဆုံးဖြစ်ကာ ၃၅၀၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.