Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လောင်ထန်တလန်ကျေးရွာ ဘာသာရေးပဋိပက္ခကို ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပြီး ၄၅ ရက်အတွင်း ဖြေရှင်းဆောင်ရွက်မည်

လောင်ထန်တလန်ကျေးရွာ ဘာသာရေးပဋိပက္ခကို ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပြီး ၄၅ ရက်အတွင်း ဖြေရှင်းဆောင်ရွက်မည်

0
By Editor on August 29, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာ၏ ဘာသာရေးဆိုင်ရာ ပဋိပက္ခကို ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်း၍ ညှိနှိုင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု လောင်တူပြည်သူ့ရေးရာကောင်စီ – LPAC က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၇ ရက်က ပထမအကြိမ် လောက်တူပြည်သူ့ရေးရာ ကောင်စီ၏ တတိယအကြိမ်မြောက် အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဩဇာတိက္ကမရှိ လူကြီးများ အပါအဝင် လူ ၉ ဦးဖြင့် ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းလိုက်သည်ဟု ဩဂုတ်လ ၂၈ ရက်က LPAC က ထုတ်ပြန်သည်။

ညှိနှိုင်းရေးကော်မတီသည် ဩဂုတ်လ ၂၈ ရက်မှ အောက်တိုဘာလ ၁၁ ရက်အထိ ၄၅ ရက်အတွင်း အရေးပေါ်အစည်းအဝေးက ချမှတ်သည့် မူဝါ ၇ ချက်ပါ လုပ်ကိုင်ခွင့်များအတိုင်း ဆောင်ရွက်သွာမည်ဟု သိရသည်။

လောက်တူပြည်သူ့ရေးရာကောင်စီသည် လောက်တူနယ်ဒေသတွင် အမြင့်ဆုံးသော ဆုံးဖြတ်ချက် ချမှတ်ရာ အာဏာပိုင်အဖွဲ့ အစည်းဖြစ်သည်ဟု သိရသည်။

ညှိနှိုင်ရေးဆောင်ရွက်နေဆဲကာလအတွင်း ပြင်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် မလိုလားအပ်သော ဝင်ရောက် စွက်ဖက်မှုများ ဆောင်ရွက်ခြင်း မပြုကြရန် ကောင်စီက သတိပေးသည်။

လူမှုကွန်ယက်စာမျက်နှာများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့် ဖြစ်စေ ညှိနှိုင်ရေး ကော်မတီ၏ လုပ်ငန်းစဉ် အဟန့် အတားဖြစ်စေမည့် လှုံ့ဆော်မှုများ၊ အမှုဖြစ်စဉ်ပါ သက်ဆိုင်သူများကို ဂုဏ်သိက္ခာကျဆင်းစေမည့် လုပ်ဆောင်မှုများ၊ အခြားအမုန်းပွားစေမည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခြင်း မပြုလုပ်ရန် ယင်းကောင်စီက နှိုးဆော်ထားသည်။

၂၀၂၄ နှစ်စပိုင်းကတည်းက လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် AG အသင်းတော်ဝင်များအကြား ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားနေခဲ့ ကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်တွင် နှစ်ဖက်ပဋိပက္ခမှာ အမြင့်ဆုံးအခြေအနေ ရောက်ရှိလာပြီး AG အသင်းတော်ဝင် ၅၀ ခန့်သည် လောင်ထန်တလန်ကျေးရွာမှ နှင်ထုတ်ခံခဲ့ရပြီး နာရိန်မြို့တွင် ရောက်ရှိနေထိုင်ကြကြောင်း သိရသည်။

လောက်တူနယ်ဒေသတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် တည်ရှိထားပြီး လောင်ထန်တလန်ဘာသာရေး ပဋိပက္ခကို သတိ ထား၍ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားမည်ဟု လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးမှူး ဆလိုင်းစော်ဗီးက ခိုနူမ်းသုန်းနှင့် ဩဂုတ်လ ၂၃ ရက်က သီးသန့်အင်တာဗျူးတွင် ဖြေကြားသည်။

“ကျနော်တို့က တော်လှန်ရေးကာလဖြစ်တဲ့အတွက် ဘယ်လိုစိတ်ဝမ်းကွဲပြားမှုကိုမှ မလိုလားပါဘူး။ ကျနော်တို့ အကောင်း ဆုံးညီညွတ်မှု၊ စည်းလုံးမှု ၊ တစ်ယောက်နဲ့ တစ်ယောက်ကြား၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ချစ်ခြင်းမေတ္တာ ပွားများမှုကိုပဲ လိုချင်တာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ အကောင်းဆုံး စည်းလုံးညီညွတ်မှု ရှိစေရေးအတွက်ကို ဖြစ်စေချင်တယ်။ သတိထားပြီးတော့လည်း အခု သွားနေတာ ဖြစ်တယ်။ အဲဒါကြောင့် အကောင်းဆုံးဖြစ်ဖို့ကိုပဲ ကြိုးစားဆောင်ရွက်သွားပါမယ်” ဟု ဆလိုင်းစော်ဗီးက ပြောသည်။

လောင်ထန်တလန်ကျေးရွာသည် အိမ်ခြေ ၇၀ ခန့်၊ လူဦးရေ ၃၀၀ ဝန်းကျင်ရှိပြီး ကက်သလစ်အသင်းတော်၊ နှစ်ခြင်းအသင်းတော်၊ ဧဝံကေလိအသင်းတော် စသည့် အသင်းတော် ၃ ခု ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတောင်ပိုင်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေချိန် မြို့များကို လေကြောင်းဗုံးကြဲမှု အပြင်းအထန် ထပ်မံပြုလုပ်

အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းအတွင်း သဲထုတ်ယူမှုကြောင့် Farkawn YMA က CNF ဌာနချုပ်ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.