Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဝိတိုရိယစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်ဟု ICNCC ပြော

ဝိတိုရိယစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်ဟု ICNCC ပြော

0
By Editor on January 11, 2023 Headline

ချင်းအမျိုးသားတပ်ဦး CNF/A ဗဟိုဌာနချုပ် ဝိတိုရိယစခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး စစ်ကောင်စီ ကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်သည်ဟု ကြားကာလချင်းအမျိုး သားအတိုင်ပင်ခံကောင်စီ ICNCC ပြောဆိုလိုက်သည်။

ဝိတိုရိယစခန်းအပါအဝင် ချင်းပြည်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်ပင် မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေး အရလည်း ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒါဏ်ရာများကို ပိုမိုနက်ရှိုင်းခိုင်မာသွားစေမည်ဖြစ်သည်ဟု ICNCC ၏ ဇန်နဝါရီလ ၁၀ ရက်နေ့စွဲဖြင့်ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

“ဤကဲ့သို့ ပြုမူခြင်းအားဖြင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာ ရောက်ပေသည်။ ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်၍ တွန်းလှန်ခုခံသွားမည်သာဖြစ်သည်” ဟု ICNCC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်သာမက၊ နိုင်ငံတော်အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာသော ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက်လည်းဖြစ်သည်” ဟု ICNCC က ဆိုသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ဖော်ပြောဆိုချက်သည်လည်း အလိမ်အညာသက်သက်သာဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဝန်ခံနေခြင်းပင်ဖြစ်သည်ဟု ICNCC က ပြောဆိုသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော CNF/A ဗဟိုဌာနချုပ်ကို ယမန်နေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ၄ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ဗုံး ၅ ကြိမ် ကြဲချခဲ့ပြီး ချင်းအမျိုးသားတပ်မေတာ်မှ ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.