Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်းငင်တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံး၊ စစ်ကောင်စီဘက်လည်း ထိခိုက်သေဆုံးမှုများဟုဆို

သိုင်းငင်တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံး၊ စစ်ကောင်စီဘက်လည်း ထိခိုက်သေဆုံးမှုများဟုဆို

0
By Editor on July 12, 2023 Khonumthung

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသအတွင်းရှိ သိုင်းငင်ကျေးရွာက စစ်ကောင်စ တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်ပိုင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။

ယနေ့မနက်ပိုင်း ၅ နာရီမှ နေ့လယ်ပိုင်း ၁၂ နာရီအထိ ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု CDM Siyin က ယနေ့ ထုတ်ပြန်သည်။

CDM Siyin ပြောခွင့်ရပုဂ္ဂိုလ်က “ကျွန်တော်တို့ဘက် ရဲဘော် ၄ ဦးကျဆုံးတယ်၊ ၂ ဦးကတော့ မစိုးရိမ်ရ ဒါဏ်ရာရတယ်ပေါ့နော်။ သူတို့ဘက်လဲ အထိအခိုက်များမယ် ၂ ပွင့်ဗိုလ်တစ်ယောက်ဆို သူ့ပစ္စည်းတွေလဲ သိမ်းမိတယ်။သူတို့ဘက် banker ခလုတ်ကျင်း ၂ ခုထဲက ရာထူးကြီးတဲ့သူတွေအချို့အပါအဝင်ပေါ့ အားလုံးပါသွားလောက်တယ်။ banker တကျင်းမှာ ၅ ယောက် လောက်ရှိတယ်ဆိုတော့ သူတို့ဘက် ၅ ယောက်ကနေ ၁၀ယောက် အကြားသေဆုံးနိုင်တယ်။ ထိခိုက်ဒါဏ်ရာကတော့ တော်တော်များမယ်၊ ဘာလို့လဲဆိုတော့ RPG ရော ဗုံးရောနဲ့ ထုထားတာဆိုတော့” ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း အမြောက်အများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့်အတွက် တိုက်လေယာဉ်ဖြင့် ၃ ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အပြင် ကလေးမြို့ကနေလည်း လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်က စခန်းထဲဝင်ပြီး ပစ်တယ်။ banker တွေသိမ်းနိုင်တာလဲရှိတယ်။ စခန်းသိမ်းဖို့ရည်ရွယ်ပေမဲ့ ရဲစခန်းဘက်တော့ သိမ်းလိုက်နိုင်တယ် လို့ပြောလို့ရတယ်။ ၉ နာရီလောက်မှာ ဂျက်လေယာဉ်က ကျွန်တော်တို့ရှိ မယ်လို့ထင်တဲ့နေရာတွေ ၆ ကြိမ်လောက်ပျံဝဲပြီးတော့ ဗုံးလာကြဲတော့ စခန်းတစ်ခုလုံးတော့ မသိမ်းလိုက်နိုင်ဘူးပေါ့။ ပြီးတော့ ကလေးဘက်ကနေလဲ ၁၂၀ မမ နဲ့ လှမ်းထုတယ်၊ ကျွန်တော်တို့ နေ့ခင်း ၁၂ လောက်မှာ တပ်ဆုတ်တယ်” ဟု CDM Siyin ပြောခွင့်ရက ပြောသည်။

သိုင်းငင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ပေါင်းစု(CDF CDM SIYIN, PDF Zoland+ B5 ME, CNDF, TCDF,KKG B7, PDA) နှင့် PDF Kalay, S2 အဖွဲ့တို့ပါဝင်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။

သိုင်းငင်ကျေးရွာသည် ကလေးမြို့မှ ချင်းတောင် တီးတိန်-ရိခေါဒါရ်နှင့် ဖလမ်း-ဟားခါးဘက်သို့သွားသည့် လမ်းစုံလမ်းခွတွင်တည်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲကာ ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်သည့်အတွက် ယခုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.