Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်းငင်တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံး၊ စစ်ကောင်စီဘက်လည်း ထိခိုက်သေဆုံးမှုများဟုဆို

သိုင်းငင်တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံး၊ စစ်ကောင်စီဘက်လည်း ထိခိုက်သေဆုံးမှုများဟုဆို

0
By Editor on July 12, 2023 Khonumthung

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသအတွင်းရှိ သိုင်းငင်ကျေးရွာက စစ်ကောင်စ တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်ပိုင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။

ယနေ့မနက်ပိုင်း ၅ နာရီမှ နေ့လယ်ပိုင်း ၁၂ နာရီအထိ ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု CDM Siyin က ယနေ့ ထုတ်ပြန်သည်။

CDM Siyin ပြောခွင့်ရပုဂ္ဂိုလ်က “ကျွန်တော်တို့ဘက် ရဲဘော် ၄ ဦးကျဆုံးတယ်၊ ၂ ဦးကတော့ မစိုးရိမ်ရ ဒါဏ်ရာရတယ်ပေါ့နော်။ သူတို့ဘက်လဲ အထိအခိုက်များမယ် ၂ ပွင့်ဗိုလ်တစ်ယောက်ဆို သူ့ပစ္စည်းတွေလဲ သိမ်းမိတယ်။သူတို့ဘက် banker ခလုတ်ကျင်း ၂ ခုထဲက ရာထူးကြီးတဲ့သူတွေအချို့အပါအဝင်ပေါ့ အားလုံးပါသွားလောက်တယ်။ banker တကျင်းမှာ ၅ ယောက် လောက်ရှိတယ်ဆိုတော့ သူတို့ဘက် ၅ ယောက်ကနေ ၁၀ယောက် အကြားသေဆုံးနိုင်တယ်။ ထိခိုက်ဒါဏ်ရာကတော့ တော်တော်များမယ်၊ ဘာလို့လဲဆိုတော့ RPG ရော ဗုံးရောနဲ့ ထုထားတာဆိုတော့” ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း အမြောက်အများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့်အတွက် တိုက်လေယာဉ်ဖြင့် ၃ ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အပြင် ကလေးမြို့ကနေလည်း လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်က စခန်းထဲဝင်ပြီး ပစ်တယ်။ banker တွေသိမ်းနိုင်တာလဲရှိတယ်။ စခန်းသိမ်းဖို့ရည်ရွယ်ပေမဲ့ ရဲစခန်းဘက်တော့ သိမ်းလိုက်နိုင်တယ် လို့ပြောလို့ရတယ်။ ၉ နာရီလောက်မှာ ဂျက်လေယာဉ်က ကျွန်တော်တို့ရှိ မယ်လို့ထင်တဲ့နေရာတွေ ၆ ကြိမ်လောက်ပျံဝဲပြီးတော့ ဗုံးလာကြဲတော့ စခန်းတစ်ခုလုံးတော့ မသိမ်းလိုက်နိုင်ဘူးပေါ့။ ပြီးတော့ ကလေးဘက်ကနေလဲ ၁၂၀ မမ နဲ့ လှမ်းထုတယ်၊ ကျွန်တော်တို့ နေ့ခင်း ၁၂ လောက်မှာ တပ်ဆုတ်တယ်” ဟု CDM Siyin ပြောခွင့်ရက ပြောသည်။

သိုင်းငင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ပေါင်းစု(CDF CDM SIYIN, PDF Zoland+ B5 ME, CNDF, TCDF,KKG B7, PDA) နှင့် PDF Kalay, S2 အဖွဲ့တို့ပါဝင်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။

သိုင်းငင်ကျေးရွာသည် ကလေးမြို့မှ ချင်းတောင် တီးတိန်-ရိခေါဒါရ်နှင့် ဖလမ်း-ဟားခါးဘက်သို့သွားသည့် လမ်းစုံလမ်းခွတွင်တည်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲကာ ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်သည့်အတွက် ယခုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.