Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က အရပ်သားပြည်သူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မဖြင့် စစ်ခုံရုံးက နှစ်ရှည် ထောင်ဒဏ်များချမှတ်

ဟားခါးမြို့က အရပ်သားပြည်သူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မဖြင့် စစ်ခုံရုံးက နှစ်ရှည် ထောင်ဒဏ်များချမှတ်

0
By Editor on October 5, 2023 Khonumthung

ချင်းပြည်နယ် ဟားခါးမြို့က အမျိုးသမီးတစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ မှ တစ်သက်အထိကျခံရန် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

ဟားခါးမြို့တွင်နေထိုင်သူ ဒေါ်ဗျက်မွှေဆုန်ကို CDF တပ်ဖွဲ့များအား ငွေကြေးများထောက်ပံ့ပေးအပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News က ဓာတ်ပုံနှင့်တကွ ယနေ့ဖော်ပြလာခဲ့သည်။ 

အလားတူ ဟားခါးမြို့နေ ဗန်ဗျက်ကျဲအိုကိုလည်း PDF တပ်ဖွဲ့များအား ၎င်းနေအိမ်တွင်တည်းခိုစေပြီး လက်နက် ခဲယမ်းများ ၀◌ယ်ယူရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရှာဟာမြိုသို့ လမ်းပြနှင့် စကားပြန်ပြုလုပ်ပေးခဲ့ခြင်းကြောင့်ဟုဆိုကာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် ဟားခါးမြို့နေ မောင်ငယ် ကိုလည်း ဟားခါးတက္ကသိုလ်၀◌န်းအတွင်းရှိ ဉပဒေဌာန စာသင်ဆောင်နှင့် ရူပဗေဒပညာဌာန စာသင်ကျောင်းတို့အတွင်း ကျောင်းပိုင်ပစ္စည်းများ အကြိမ်ကြိမ်၀င်ရောက်ခိုးယူမှုကြောင့်ဟုဆိုကာ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဉပဒေပုဒ်မ ၆(၁) ပါ ပြဌာန်းချက်အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News မှာ ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.