Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က အရပ်သားပြည်သူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မဖြင့် စစ်ခုံရုံးက နှစ်ရှည် ထောင်ဒဏ်များချမှတ်

ဟားခါးမြို့က အရပ်သားပြည်သူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မဖြင့် စစ်ခုံရုံးက နှစ်ရှည် ထောင်ဒဏ်များချမှတ်

0
By Editor on October 5, 2023 Khonumthung

ချင်းပြည်နယ် ဟားခါးမြို့က အမျိုးသမီးတစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ မှ တစ်သက်အထိကျခံရန် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

ဟားခါးမြို့တွင်နေထိုင်သူ ဒေါ်ဗျက်မွှေဆုန်ကို CDF တပ်ဖွဲ့များအား ငွေကြေးများထောက်ပံ့ပေးအပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News က ဓာတ်ပုံနှင့်တကွ ယနေ့ဖော်ပြလာခဲ့သည်။ 

အလားတူ ဟားခါးမြို့နေ ဗန်ဗျက်ကျဲအိုကိုလည်း PDF တပ်ဖွဲ့များအား ၎င်းနေအိမ်တွင်တည်းခိုစေပြီး လက်နက် ခဲယမ်းများ ၀◌ယ်ယူရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရှာဟာမြိုသို့ လမ်းပြနှင့် စကားပြန်ပြုလုပ်ပေးခဲ့ခြင်းကြောင့်ဟုဆိုကာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် ဟားခါးမြို့နေ မောင်ငယ် ကိုလည်း ဟားခါးတက္ကသိုလ်၀◌န်းအတွင်းရှိ ဉပဒေဌာန စာသင်ဆောင်နှင့် ရူပဗေဒပညာဌာန စာသင်ကျောင်းတို့အတွင်း ကျောင်းပိုင်ပစ္စည်းများ အကြိမ်ကြိမ်၀င်ရောက်ခိုးယူမှုကြောင့်ဟုဆိုကာ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဉပဒေပုဒ်မ ၆(၁) ပါ ပြဌာန်းချက်အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News မှာ ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.