(002MG)
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်သူများအား နှောက်ယှက်ကာ ငွေညစ်တောင်းခံနေသည့်ရဲတပ်ဖွဲ့ကို CDF- Hakha မှပစ်ခတ်တိုက်ခိုက်ရာမှာ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု CDF-Hakha က ယနေ့ထုတ် ပြန် သည်။
ယနေ့မတ်လ ၁၁ ရက်မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်များအားစစ်ဆေးငွေညစ်နေစဥ် CDF-Hakha မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့ဝင် (၁) ဦးမှာ သေဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိ ကာ ဒဏ်ရာရရှိသူထဲက တစ်ဦးသည် စခန်းသို့ရောက်ရှိပြီးနောက် ထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ပြည်သူလူထုအား မတရားနှောက်ယှက်ခြင်း၊ ငွေညစ်တောင်းခံခြင်းများ ပြုလုပ်နေသည့် အဖွဲ့အစည်းများအနေဖြင့် နောက်တစ်ကြိမ် ထပ်မံမပြုလုပ်ရန်နှင့် မတရားလုပ်ရပ်များ ဆက်လက်ပြု လုပ်ပါက ထိရောက်သော အရေးယူမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဟု CDF-Hakha အဖွဲ့မှ သတိပေးထုတ်ပြန်သည်။
ပြည်သူများအနေဖြင့်လည်း မတရားညှဉ်းပန်းနှောက်ယှက်မှုများအား သတိထားကာ လုံခြုံရေးကို ဂရုပြုကြပါရန် အသိပေးဖော်ပြထားသည်။

