Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့ပေါ်က အိမ်မွေးခွေးများအားလုံး ရောင်းချရန်နှင့် ရောင်း၍မရပါက သတ်ကြရန် CDF-Hakha ထုတ်ပြန်

ဟားခါးမြို့ပေါ်က အိမ်မွေးခွေးများအားလုံး ရောင်းချရန်နှင့် ရောင်း၍မရပါက သတ်ကြရန် CDF-Hakha ထုတ်ပြန်

0
By Editor on July 30, 2024 Khonumthung

(004SS)

ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့ပေါ်တွင် ခွေးမွေးသူများအနေဖြင့် ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားကာ မိမိခွေးများကို ရောင်းချရန်နှင့် ရောင်း၍မရပါက သတ်ကြရန် CDF-Hakha က ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ခွေးရှိခြင်းကြောင့် တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ဖြစ်စေသည်သာမက မိမိနှင့် သက်ဆိုင်ရာလူပိုဂ္ဂိုလ်များ၊ တော်လှန်ရေးတပ်ဖွဲ့များအား နစ်နာစေနိုင်သည့်အတွက်ကြောင့် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုဆိုသည်။

“မြို့ပေါ်က ခွေးတွေဟာ သူများကို ကြောက်လန့်စေသလို တော်လှန်ရေးအတွက်လည်း တော်တော်ကို အနှောက်အယှက်ပေးတဲ့အတွက် လာမဲ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိမွေးထားတဲ့ခွေးတွေ ရောင်းရင်ရောင်း၊ မရောင်းရင် သတ်ကြဖို့ ကြေညာလိုက်ပါတယ်။ ခွေးဟောင်လို့ ဟောင်တဲ့ဘက်ကို စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နိုင် တယ်။ အဲလိုချိန်ကျရင် မိမိရပ်ကွက်၊ အိမ်နီးနားချင်းများအတွက် အခက်အခဲတွေ ကြုံတွေ့စေနိုင်တယ်။ ပြီးတော့ တော်လှန်ရေးသမားတွေလည်း ဒုက္ခရောက်နိုင်တယ်” ဟု CDF Hakha ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် အိမ်ပြင်ထွက်လာသော ခွေးများအား မည်သူမဆို သတ်ပိုင်ခွင့်ရှိမည်ဖြစ်ပြီး ခွေးပိုင်ရှင်များကိုလည်း ပြစ်ဒဏ်ပေးမည်ဖြစ်သည်ဟု CDF-Hakha က ဆိုသည်။

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန် အချိန်နီးကပ်‌လာပြီဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေး အောင်မြင်မှုရရှိနိုင်ရန် ဆုတောင်းခြင်းနှင့် လှူဒါန်းပေးကမ်းခြင်းအား လက်မနှေးစေဘဲ အတူတကွ ပါဝင်ကြရန်လည်း CDF-Hakha က တိုက်တွန်းထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.