Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့မှာ ငွေတောင်းကြမ်းနေသော စစ်ကော်မရှင်တပ်ဖွဲ့ စီးနင်းတိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ဟားခါးမြို့မှာ ငွေတောင်းကြမ်းနေသော စစ်ကော်မရှင်တပ်ဖွဲ့ စီးနင်းတိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

0
By Editor on February 13, 2026 Headline

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ဒေသခံပြည်သူများထံ ငွေတောင်းကြမ်းနေသည့် စစ်ကော်မရှင် ရဲတပ်ဖွဲ့ကို ပြည်ထောင်စုနေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ည ၇ နာရီ ၁၅ မီနစ်မှာ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်တွင် စစ်ကော်မရှင်၏ ရဲတပ်ဖွဲ့ ကား ၃ စီးကို စောင့်ကြို၍ စီးနင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ကား ၂ စီးမှာ ထိခိုက်ပျက်စီးမှု ကြီးမားသည်ဟု CDF ဟားခါးကောင်စီ ဥက္ကဌ Salai Hram Lian က ပြောသည်။

“မနေ့က ပြည်ထောင်စုနေ့ညမှာ ပျော်ပါးနေတဲ့ သူတို့ကို အပြန်မှာ ကျနော်တို့က ချောင်းပြီးတော့ ပစ်တာပါ။ အဲဒါ ဒဏ်ရာ ရတာက ၅ ယောက်၊ ကျဆုံးက ၃ ယောက်ပေါ့နော။ ဘယ်ရာထူးတွေလဲ၊ ဘယ်သူတွေလဲဆိုတာ ကျနော်တို့က အတည်မပြုနိုင်သေးဘူး။ သေဆုံးတာရယ်၊ ဒဏ်ရာ ရတာရယ်ပဲ ကျနော်တို့က သိနိုင်သေးတာပါ” ဟု Salai Hram Lian က ပြောသည်။

ဟားခါးမြို့တွင် တာဝန်ကျနေသော ပြည်နယ်ရဲမှူးကြီးသည် ၎င်း၏ ရဲတပ်ဖွဲ့ကို တစ်နေ့ သိန်း ၃၀ ထက်မနည်း ရရှိအောင် လုပ်ဆောင်ရန် ညွှန်ကြားထားပြီး ဟားခါးမြို့ တပ်ကုန်းမှ ဗျူဟာမှူးထံ ငွေကြေး တံစိုလက်ဆောင်များ ပေးနေရသောကြောင့် CDF ဟားခါးက ယခု စစ်ဆင်ရေးကို လုပ်ခြင်းဖြစ်သည်ဟု CDF – Hakah Support Team of North America အဖွဲ့ကလည်း ထုတ်ပြန်သည်။

ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်၏ ရဲတပ်ဖွဲ့သည် ဒေသခံပြည်သူများကို ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ် လိုင်စင်စသည့် ကိစ္စများမှာပင် ၄ သိန်းမှ သိန်း ၂၀ အထိ ငွေကြေးတောင်းခံနေသည်ဟု သိရသည်။

“အဲဒီနယ်ထိန်းတို့အဖွဲ့က ပြည်သူတွေအပေါ်မှာ တော်တော်လေး ကြမ်းတယ်။ အဲဒါ ပြည်နယ်ရဲမှူးက ခိုင်းလို့ပေါ့နော်။ သူတို့က နေ့တိုင်းနေ့တိုင်းပဲ ပြည်သူတွေအပေါ်မှာ တော်တော်လေး ဒုက္ခပေးပါတယ်။ ပြည်သူတွေအပေါ်မှာ အမျိုးမျိုး ရစ်ပြီးတော့ လိုင်စင် မရှိဘူး၊ ဘာညာနဲ့ပေါ့နော် ပိုက်ဆံကိုပဲ အမြဲတမ်း တောင်းနေတာပေါ့နော်။ လိုင်စင်မပါဘူးဆိုပြီး ယာဉ်မောင်းလိုင်စင်ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်လိုင်စင်ပဲ ဖြစ်ဖြစ် တယောက်ကို ၄ သိန်း၊ ၅ သိန်း၊ ၆ သိန်း တောင်းတယ်။ တချို့ကို ၁၀ သိန်းနဲ့ လာရွေးခိုင်းတယ်ပေါ့နော်။ တချို့ဆိုရင် သိန်း ၂၀ အထိတောင် လာရွေးခိုင်းတယ်။ နေ့တိုင်း နေ့တိုင်းကို သိန်း ၃၀ ရအောင် ပြည်သူတွေဆီမှာ ငွေညှစ်နေကြတာ။ အဲဒါကြောင့် အရေးယူတဲ့အနေနဲ့ အဲဒီစစ်ဆင်ရေးကို လုပ်တာပေါ့နော်။ နောက်လည်း ထပ်ပြီးတော့ လုပ်ဦးမယ်‌၊၊ ဒီလို ပြည်သူတွေကို ဒုက္ခပေးနေတာကို ကျနော်တို့ မကြိုက်ဘူးပေါ့နော်” ဟု CDF ဟားခါးကောင်စီ ဥက္ကဌ Salai Hram Lian က ပြောသည်။

ဟားခါးမြို့ပေါ်တွင် ဒေသခံပြည်သူများထံမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအနေဖြင့် မတရားပိုက်ဆံ ထပ်မံကောက်ခံပါက ယခုထက် ပို၍ ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

စစ်ကော်မရှင်၏ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဝန်ကြီးများ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူး အပါအဝင် ဦးစီးအရာရှိနှင့် အထက် ဝန်ထမ်းများအပြင် လုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို လူထုအကျိုးကို ခြစားဖျက်စီးနေမှုအဖြစ် သတ်မှတ်ပြီး အထူးပစ်မှတ်ထား၍ စတင်အရေးယူတော့မည်ဟု CDF – ဟားခါးဗဟို ကောင်စီက ဇန်နဝါရီလ ၁၅ ရက်က ကြေညာသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.