Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်

ဟားခါးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်

0
By Editor on February 25, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြကြောင်း သိရသည်။

ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၂၄ ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသော Senthang Revolution Force- SRF နှင့် CDF– Hakha ထံ အလင်းဝင်လာကြခြင်းဖြစ်သည်။

ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦးသည် MA 1 သေနတ် -၂ လက်နှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ၎င်းတို့ထံအလင်းဝင်ရောက်လာကြောင်း Senthang Revolution Force- SRF က ယမန်နေ့တွင် ထုတ်ပြန်သည်။

အလင်းဝင်ရောက်လာသူများကို ငွေသား လက်ဆောင်များချီးမြင့်ပေးသည့်အပြင် အခြားသောအဖိုးတန်ပစ္စည်းများကိုလည်း ချီးမြှင့်‌ေပးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော ရဲဘော်အားလုံးကိုလည်း အလင်းဝင်လာကြရန် အမြဲတမ်းကြိုဆိုကြောင်း SRF က ဖိတ်ခေါ်ထားသည်။

အလားတူ ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ‌ေတာ့ဘဲ လက်နက်ခဲယမ်းများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အလင်းဝင်လာခဲ့သည်ဟု Chinland Defense Force – Hakha ကလည်း ယမန်နေ့တွင်ထုတ်ပြန်သည်။

ယခုကဲ့သို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြဲကြိုဆိုပြီး ဆုငွေများ ချီးမြှင့်‌သည့်အပြင် နောက်နောင် အလင်းဝင်လိုသူများကို လည်း ကြိုဆိုကြောင်း၊ ၎င်းတို့ကို လွတ်မြောက်နယ်မြေ ရောက်သည်အထိ တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၉ ရက်‌ေန့ကလည်း ဟားခါးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ Senthang Revolution Force- SRF ထံအလင်းဝင်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.