Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးအနီး အော်တိုတောင်ကုန်းစခန်းသိမ်းနိုင်ရေး ချင်းပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်၊ ဟားခါးဆေးရုံးကို ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိနေဟုဆို၊ ထန်တလန်မြို့ပေါ်တွင် ၄ ရက်ကြာအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ

ဟားခါးအနီး အော်တိုတောင်ကုန်းစခန်းသိမ်းနိုင်ရေး ချင်းပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်၊ ဟားခါးဆေးရုံးကို ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိနေဟုဆို၊ ထန်တလန်မြို့ပေါ်တွင် ၄ ရက်ကြာအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ

0
By Editor on July 25, 2024 Headline

(006SV)

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်မြို့ကြားက အော်တိုတောင်ကုန်းစစ်စခန်း သိမ်းပိုက်နိုင်ရေး ချင်းတော်လှန်ရေးတပ်ပေါင်းစုက ၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ကား ၂ စီးနဲ့ စစ်ကူလာတယ်။ ခြေလျင် လာတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဖြတ်တောက် နိုင်ခဲ့တယ်။ သူတို့ဘက်ကတော့ အထိအခိုက်တော့ တော်တော်ရှိမယ်။ ဒီနေ့အထိ ဟားခါးဆေးရုံးရောက်တာ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့က ၅၀ နီးပါး ရောက်တယ်လို့ ကြားတယ်။။ ဆေးရုံမှာပဲ ၂ ယောက်သေတယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှစတင်၍ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များသည် ဟားခါး- ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်၊

ဇူလိုင် ၂၂ ရက်ကပင် လုံခါရ်တောင်ရှိ စစ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အော်တိုတောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို ဇူလိုက်လ ၂၂ ရက်မှ ယနေ့ ၂၅ ရက်အထိ ချင်းပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက စစ်အင်အားများ ဖြည့်တင်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ကြီးပစ်ကူများ ပေးနေသည့်အပြင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက်ကလည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပစ်ကူပေးခဲ့ကြောင်း၊ ချင်းပူးပေါင်းတပ်များမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့ပေါ်တွင်လည်း ဇူလိုင်လ ၂၂ ရက်မှ ယနေ့ ၂၅ ရက်အထိ ချင်းပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

“ထန်တလန်မြို့ထဲမှာက စစ်ကောင်စီက ၃ နေရာမှာ ယူထားသလို့ ကျနော်တို့လည်း နေရာတွေ ယူထားတယ်။ အဲဒီထဲမှာ ပစ်ခတ်မှုတွေ ရှိနေတာပါ။ ထန်တလန်-ဟားခါးကြားမှာ တိုက်ပွဲတွေ စဖြစ်ကတည်းက အဲဒီမှာ ဖြစ်နေတာပါ။ ဟားခါးနဲ့ ထန်တလန်ကြားမှာတော့ အဓိက ဖြစ်နေပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ထန်တလန်မြို့ အားလုံးကို မီးရှို့ဖျက်စီးပြီးနောက် မြို့၏ နေရာ ၃ ခုတွင် ဆက်လက်တပ်စွဲထားသကဲ့သို့ ချင်းပူးပေါင်းတပ်ကလည်း မြို့ပေါ်တွင် နေရာယူတပ်စွဲထားခြင်းဖြစ်ကာ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇူလိုင်လ ၂၀ ရက်တွင် ဟားခါးမြို့မရဲစခန်းကို CDF – ဟားခါးက ဝင်ရောက်စီးနင်း၍ CDF တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၀ ကျော်ကို ကယ်ထုတ်ပြီးနောက် ၂ ရက်ကြာအတွင်း ထန်တလန်မြို့နှင့် ဟားခါး- ထန်တလန်ကြားက စစ်ကောင်စီစခန်းများကို ချင်းပူးပေါင်းတပ်က တပြိုက်နက် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အော်တိုတောင်ကုန်းတိုက်ပွဲနှင့် လုံခါရ်တောင်ကုန်းက တိုက်ပွဲများသည် ဟားခါးမြို့ စစ်ကောင်စီတပ်နှင့် ထန်တလန်မြို့ စစ်ကောင်စီတပ်တွေကြား ချိတ်ဆက်ထားမှုကို ဖြတ်တောက်ပစ်နိုင်ရေး ရည်ရွယ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်များက လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော် CNF/ CNA ၊ CDF – ဟားခါး၊ CDF – ထန်တလန်၊ CDF – ဇုံဖေ၊ CDF – လောက်တူ၊ CDF – Senthang၊ CDF-KKG၊ People Defence Army – PDA ၊ CDF-Hualngoram၊ CDF – Vakok စသော ချင်းပူးပေါင်းတပ်ဖွဲ့ ၁၀ ဖွဲ့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.