Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ

ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ

0
By Editor on April 26, 2022 Headline

ချင်းပြည်နယ် ဟားခါး-ဂန့်ဂေါကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hakha ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး အနည်းဆုံး အယောက် ၃၀ ခန့် သေဆုံးနိုင်သည်ဟု သိရသည်။

မကွေးတိုင်း ဂန့်ဂေါဘက်မှ ဟားခါးမြို့သို့ စစ်အင်အားဖြည့်တင်းရန်ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် ဧပြီလ ၂၃ ကစ၍ ဟားခါး-ဂန့်ဂေါလမ်း လုံကျွေးနှင့် လမ်သုတ်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၃၀ ခန် ့သေဆုံးသည်ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

“၂၃ ရက်နေ့ကစတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ။ မနေ့က ၃ ကြိမ်တိုက်ပွဲဖြစ်တယ်။ သူတို့ဖက်က နှစ်ရက်ပေါင်း လိုက်ရင် ၃၀၊ ၄၀ ကျမယ်။ ကျွန်တော်တို့ရဲဘော်ဘက်တစ်ယောက် လက်နက်ကြီးထိမှန်ထားတယ် သိပ်ပြီး တော့စိုးရိမ်စရာမရှိပါဘူး။ သူတို့က ဟားခါးဖက်ကို အင်အားဖြည့်ဖို့ ခြေလျင်နဲ့ပဲ တက်လာတယ် လူအင်အား အလုံးအရင်းနဲ့ အသုံးပြုတာပေါ့။” ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်အား ၄၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ မိုင် ၄၀ လောက်ကွာဝေးသော လမ်းသုတ်ကျေးရွာသို့ရောက်ရှိနေကြပြီး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည်ဟု သိရသည်။ ဟားခါး-ဂန်ဂေါကြားရှိ ကျေးရွာများမှဒေသခံပြည်သူများသည်လည်း တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လလယ်ပိုင်းကလည်း ဟားခါး- ဂန့်ဂေါ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူပိုင်အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အလားတူ ယမန်နေ့ ဧပြီလ ၂၅ ရက်ကလည်း ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာအဝင်တွင် စစ်ကောင်စီတပ်နှင့် CDF-Hakha တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ CDF-Hakha ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.