Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

0
By Editor on September 24, 2025 Headline

(006SV)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ကြံသာရွာစခန်းကို စစ်ကော်မရှင် တပ်က အင်အားအလုံးအရင်းဖြင့် ၄ ရက်ဆက်တိုက်ထိုး စစ်ဆင်တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်း မလုံလောက်၍ လက်လွှတ်ခဲ့ရ သည်ဟု CDF – KKG တာဝန်ရှိသူက ပြောသည်။

ကြံသာရွာစခန်းကို စစ်ကော်မရှင်တပ်က ပြည်သူ့စစ်၊ ပျူစောထီး အပါအဝင် အင်အား ၃၅၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ စက်တင်ဘာလ ၁၈ ရက်မှစတင်ကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၀ ရက်မှာ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။

“ဒီတစ်ခေါက်က အကြီးအကျယ် ထိုးတဲ့အထဲ ပါတယ်။ ဗုဒ္ဓဟူးနေ့ စထိုးတယ်။ စနေနေ့တော့ ပေးလိုက်ရတာပေါ့။ အဲဒီမှာ သူတို့က တော်တော်လေး အင်အားလည်း သုံးတယ်။ လက်နက်တွေလည်း သုံးတယ်။ သူတို့ စတက်လာကတည်းကနေ လက်နက်ကြီး ၊ RPG ၊ ၄၀ မမ ၊ ဒရုန်း အကုန်လုံးက အစပေါ့၊ လုံးဝပြင်းထန်ပြီး ထိုးဖောက်လာပြီးတော့ ပြန်လည်ယူသွားတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရ တာက ကျနော်တို့ မခံနိုင်လို့ပါ။ ဘာကြောင့်မခံနိုင်တာလဲဆိုတော့ ကျနော်တို့ဘက်မှာ လူရှိတယ်။ သေနတ်နဲ့ လက်နက်ခဲယမ်းမှာ အဓိက ခဲယမ်းက လိုအပ်ချက်အများကြီး ရှိတာပေါ့နော်။ အဲလို လိုအပ်ချက် အများကြီး ရှိခဲ့ပါတယ်” ဟု CDF KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း CDF – KKG က ရဲဘော် ၁ ဦးက ကျဆုံးကြောင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့က ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာများ ရရှိကြောင်း သိရသည်။

စစ်ကော်မရှင်နှင့် ပူးပေါင်းတပ်၏ အင်အား ၃၅၀ ခန့်တွင် စစ်ကော်မရှင်တပ်များ၊ စစ်မှုထမ်းအပတ်စဉ် ၆/၇/ ၈ မှ တပ်ဖွဲ့ဝင်များ၊ မြောက်ခရမ်းရွာ၊ ကြံသာရွာ၊ ကျောက်ပျို့ရွာက ပျူစောထီး တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု သိရသည်။

“အရင်က ထိုးစစ်တွေမှာ အင်အားလည်း နည်းတယ်။ လူဦးရေ ပြန်မဖြည့်ပေးနိုင်တာတွေ ရှိတယ်။ အခုကြားတာက အထက်ကနေ အမိန့်ဆိုပြီးတော့ ပစတွေ ပို့တယ်။ ပျူစောထီးတွေ အင်အားတွေလည် လဲလှယ်နိုင်တယ်။ စစ်သားတွေလည်း ပို့နိုင်တယ်” ဟု CDF – KKG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိ စစ်ရေးအခြေအနေမှာ စစ်ကော်မရှင်တပ်ဖွဲ့သည် ကြံသာရွာတွင် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေပြီး ရက်အနည်းငယ် အကြာတွင် ထပ်မံ၍ ထိုးစစ်ဆင်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အကြားရှိ အရှေ့အောင်သာယာ၊ အနောက် အောင်သာယာ၊ မှန်တော ၊ ကမ်းပါးနီတို့ကို ၂၀၂၅ ဖေဖော်ဝါရီလအတွင်းနှင့် ကြံသာကျေးရွာကို ဧပြီလတို့တွင် CDF – KKG ၏ Major Operation စစ်ဆင်ရေးအနေဖြင့် CDF – KKG နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းနိုင်ခဲ့သည်။

ကြံသာရွာကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ပြီး ငါးလေကျော်အကြာ လက်ရှိတွင် ပြန်လည်လက်လွတ်ရခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ မစည်းလုံးပါက ယနေ့ ထိန်းချုပ်ထားသော မြို့များ ထပ်မံ လက်လွတ်ရနိုင်ကြောင်း CDF KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ဖြည့်စွက်ချင်တာက ရွေးကောက်ပွဲလည်း နီးလာပြီ၊ သူတို့က နယ်မြေစိုးမိုးဖို့ လုပ်လာမှာပဲ။ ကျနော်တို့ ထိန်းထားတဲ့ မြို့တွေကို တစ်မြို့ပြီး တစ်မြို့၊ သူက ရအောင် လုပ်လာမှာပဲ။ အဓိက ပြောချင်တာက အခုချိန်မှာမှ ကျနော်တို့ မစည်းလုံးဘူးဆိုရင် ကျနော်တို့ သိမ်းထားတဲ့ နေရာတွေ တစ်ခုပြီး တစ်ခု ဆုံးရှုံးမှာပဲ။ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးတွေ၊ ဦးဆောင်သူတွေ ၊ ကျနော်တို့ ချင်းမှာဆိုရင် သူ့နယ်၊ ကိုယ်နယ်ပေါ့နော်၊၊ ဟိုအဖွဲ့ လာမတိုက်နဲ့ ဆိုတာမျိုးတွေ။ အဓိက ပြည်သူတွေ အဆင်ပြေဖို့ပဲ လိုတာပါ။ အဓိကက စစ်ကောင်စီ ကင်းစင်ဖို့ပဲလေ။ အခုက မျိုးနွယ်စွဲတွေ ၊မြို့နယ်စွဲတွေ၊ အဖွဲ့အစည်းစွဲတွေ၊ အကြီးပိုင်းတွေကလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့က မတည့်တော့ ကျနော်တို့ ဘယ်လို နိုင်တော့မှာလဲ။ အနှစ်ချုပ် ပြောချင်တာက ကျနော်တို့ အဖွဲ့အစည်း အသီးသီးကို ခေါင်းဆောင်နေသူတွေ အနေနဲ့ စည်းလုံးသင့်ပြီးလို့ တိုက်တွန်းချင်ပါတယ်” ဟု CDF KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကော်မရှင်တပ်သည် ကလေးမြို့နယ်အတွင်း အင်တာနက်လိုင်းများ ဖြတ်တောင်ထားသည်မှာ တစ်ပတ်ကျော် ကြာမြင့်လာပြီး ဒေသခံပြည်သူများမှာ ဆက်သွယ်ရေးအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

ကလေးမြို့ပေါ်နှင့် မြို့နယ်တွင် အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ပိုမိုမြင့်မားလာနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.