Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

0
By Editor on September 24, 2025 Headline

(006SV)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ကြံသာရွာစခန်းကို စစ်ကော်မရှင် တပ်က အင်အားအလုံးအရင်းဖြင့် ၄ ရက်ဆက်တိုက်ထိုး စစ်ဆင်တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်း မလုံလောက်၍ လက်လွှတ်ခဲ့ရ သည်ဟု CDF – KKG တာဝန်ရှိသူက ပြောသည်။

ကြံသာရွာစခန်းကို စစ်ကော်မရှင်တပ်က ပြည်သူ့စစ်၊ ပျူစောထီး အပါအဝင် အင်အား ၃၅၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ စက်တင်ဘာလ ၁၈ ရက်မှစတင်ကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၀ ရက်မှာ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။

“ဒီတစ်ခေါက်က အကြီးအကျယ် ထိုးတဲ့အထဲ ပါတယ်။ ဗုဒ္ဓဟူးနေ့ စထိုးတယ်။ စနေနေ့တော့ ပေးလိုက်ရတာပေါ့။ အဲဒီမှာ သူတို့က တော်တော်လေး အင်အားလည်း သုံးတယ်။ လက်နက်တွေလည်း သုံးတယ်။ သူတို့ စတက်လာကတည်းကနေ လက်နက်ကြီး ၊ RPG ၊ ၄၀ မမ ၊ ဒရုန်း အကုန်လုံးက အစပေါ့၊ လုံးဝပြင်းထန်ပြီး ထိုးဖောက်လာပြီးတော့ ပြန်လည်ယူသွားတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရ တာက ကျနော်တို့ မခံနိုင်လို့ပါ။ ဘာကြောင့်မခံနိုင်တာလဲဆိုတော့ ကျနော်တို့ဘက်မှာ လူရှိတယ်။ သေနတ်နဲ့ လက်နက်ခဲယမ်းမှာ အဓိက ခဲယမ်းက လိုအပ်ချက်အများကြီး ရှိတာပေါ့နော်။ အဲလို လိုအပ်ချက် အများကြီး ရှိခဲ့ပါတယ်” ဟု CDF KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း CDF – KKG က ရဲဘော် ၁ ဦးက ကျဆုံးကြောင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့က ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာများ ရရှိကြောင်း သိရသည်။

စစ်ကော်မရှင်နှင့် ပူးပေါင်းတပ်၏ အင်အား ၃၅၀ ခန့်တွင် စစ်ကော်မရှင်တပ်များ၊ စစ်မှုထမ်းအပတ်စဉ် ၆/၇/ ၈ မှ တပ်ဖွဲ့ဝင်များ၊ မြောက်ခရမ်းရွာ၊ ကြံသာရွာ၊ ကျောက်ပျို့ရွာက ပျူစောထီး တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု သိရသည်။

“အရင်က ထိုးစစ်တွေမှာ အင်အားလည်း နည်းတယ်။ လူဦးရေ ပြန်မဖြည့်ပေးနိုင်တာတွေ ရှိတယ်။ အခုကြားတာက အထက်ကနေ အမိန့်ဆိုပြီးတော့ ပစတွေ ပို့တယ်။ ပျူစောထီးတွေ အင်အားတွေလည် လဲလှယ်နိုင်တယ်။ စစ်သားတွေလည်း ပို့နိုင်တယ်” ဟု CDF – KKG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိ စစ်ရေးအခြေအနေမှာ စစ်ကော်မရှင်တပ်ဖွဲ့သည် ကြံသာရွာတွင် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေပြီး ရက်အနည်းငယ် အကြာတွင် ထပ်မံ၍ ထိုးစစ်ဆင်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အကြားရှိ အရှေ့အောင်သာယာ၊ အနောက် အောင်သာယာ၊ မှန်တော ၊ ကမ်းပါးနီတို့ကို ၂၀၂၅ ဖေဖော်ဝါရီလအတွင်းနှင့် ကြံသာကျေးရွာကို ဧပြီလတို့တွင် CDF – KKG ၏ Major Operation စစ်ဆင်ရေးအနေဖြင့် CDF – KKG နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းနိုင်ခဲ့သည်။

ကြံသာရွာကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ပြီး ငါးလေကျော်အကြာ လက်ရှိတွင် ပြန်လည်လက်လွတ်ရခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ မစည်းလုံးပါက ယနေ့ ထိန်းချုပ်ထားသော မြို့များ ထပ်မံ လက်လွတ်ရနိုင်ကြောင်း CDF KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ဖြည့်စွက်ချင်တာက ရွေးကောက်ပွဲလည်း နီးလာပြီ၊ သူတို့က နယ်မြေစိုးမိုးဖို့ လုပ်လာမှာပဲ။ ကျနော်တို့ ထိန်းထားတဲ့ မြို့တွေကို တစ်မြို့ပြီး တစ်မြို့၊ သူက ရအောင် လုပ်လာမှာပဲ။ အဓိက ပြောချင်တာက အခုချိန်မှာမှ ကျနော်တို့ မစည်းလုံးဘူးဆိုရင် ကျနော်တို့ သိမ်းထားတဲ့ နေရာတွေ တစ်ခုပြီး တစ်ခု ဆုံးရှုံးမှာပဲ။ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးတွေ၊ ဦးဆောင်သူတွေ ၊ ကျနော်တို့ ချင်းမှာဆိုရင် သူ့နယ်၊ ကိုယ်နယ်ပေါ့နော်၊၊ ဟိုအဖွဲ့ လာမတိုက်နဲ့ ဆိုတာမျိုးတွေ။ အဓိက ပြည်သူတွေ အဆင်ပြေဖို့ပဲ လိုတာပါ။ အဓိကက စစ်ကောင်စီ ကင်းစင်ဖို့ပဲလေ။ အခုက မျိုးနွယ်စွဲတွေ ၊မြို့နယ်စွဲတွေ၊ အဖွဲ့အစည်းစွဲတွေ၊ အကြီးပိုင်းတွေကလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့က မတည့်တော့ ကျနော်တို့ ဘယ်လို နိုင်တော့မှာလဲ။ အနှစ်ချုပ် ပြောချင်တာက ကျနော်တို့ အဖွဲ့အစည်း အသီးသီးကို ခေါင်းဆောင်နေသူတွေ အနေနဲ့ စည်းလုံးသင့်ပြီးလို့ တိုက်တွန်းချင်ပါတယ်” ဟု CDF KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကော်မရှင်တပ်သည် ကလေးမြို့နယ်အတွင်း အင်တာနက်လိုင်းများ ဖြတ်တောင်ထားသည်မှာ တစ်ပတ်ကျော် ကြာမြင့်လာပြီး ဒေသခံပြည်သူများမှာ ဆက်သွယ်ရေးအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

ကလေးမြို့ပေါ်နှင့် မြို့နယ်တွင် အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ပိုမိုမြင့်မားလာနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.