Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းပြီးနောက် ၂၂ လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

အာဏာသိမ်းပြီးနောက် ၂၂ လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

0
By Editor on December 5, 2022 Headline

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၂ လအတွင်းမှာ စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး ချင်းပြည်နယ်အတွင်းရှိ အိခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ကစ၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ (၂၂) လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး (၃၅၅) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ချင်ပြည်နယ်အတွင်း၌ အိမ်ခြေစုစုပေါင်း (၁၅၀၅) ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။

“ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းလောက်ပဲရှိတယ်။ နောက်ပြီးချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အချိုးအစားအနေနဲ့ တွက်လိုက်ရင် သတ်ခံရတဲ့လူဦးရေက အလွန်မြင့်မားပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်အအောက်အအိုး ပစ္စည်းတွေရဲ့ တန်ဖိုးကလည်း အရမ်းများပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က ပြောသည်။

စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသူ (၃၅၅) ဦးထဲတွင် အပြစ်မဲ့ပြည်သူ (၁၆၇) ဦး (ကျား-၁၃၂၊ မ-၃၅) ပါဝင်ပြီး ထိုအထဲတွင် (၁၈) နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄) ဦးပါဝင်ကာ (၆) လ နှင့် (၇) လသားအရွယ် နို့စို့ကလေးငယ်နှစ်ဦးလည်း ပါဝင်သည့်အပြင် ဓမ္မအမှုတော်ဆောင် ဆရာတော် (၄) ပါးသည်လည်း ဤကာလအတွင်း စစ်ကောင်စီတပ်များ၏ ရက်စက်စွာ သက်ဖြတ်ခြင်းခ့ခဲ့ရသည်ဟု ICA က ဆိုသည်။

ထိုသေဆုံးမှုများထဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ ဦးလည်း ပါဝင်ပြီး ၎င်းတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်ကောင်စီတပ်မှ အကြမ်းဖက်ဖြိုခွင်းပြီးနောက် တောခိုခဲ့ကြသည့် လူငယ်များဖြစ်ကြပြီး၊ စီကောင်စီက အာဏာမသိမ်းခဲ့ပါက ကျောင်းတက်၊ အလုပ်လုပ် (သို့မဟုတ်) မိသားစုကို အေးချမ်းစွာ ပြုစုပျိုးထောင်မည့် လူငယ်များဖြစ်ကြသည်ဟု ICA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

(၂၂) လတာအတွင်း စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသည့် ချင်းပြည်သူ (၃၅၅) ဦးထဲတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရသူ (၁၀) ဦး၊ မုဒိမ်းကျင့်၊ ညှင်းပန်းနှိပ်စက်ပြီး နိုင့်ထက်စီးနင်းပြုကာ သတ်ဖြတ်ခဲ့ရသူ (၃၃) ဦးအထိရှိပြီး ထိုမျှမက အပြစ်မဲ့ပြည်သူ (၉) ဦးကို ဖမ်းဆီးနှိပ်စက်ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်ကာ (၇) ဦးမှာ အလောင်းကိုပင် ပြန်ရှာမရနိုင်တော့ကြောင်း ICA ကဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တိမ်းရှောင်ရင်း ဆေးဝါးကုသခြင်း မတတ်စွမ်းနိုင်သောကြောင့် အသက်ဆုံးရှုံးရသူမှာလည်း (၁၇) ဦးအထိရှိပြီး လူသားဒိုင်းကာအဖြစ် (၉) ဦး၊ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် (၃) ဦး၊ အကျဉ်းထောင်ထဲ၌ (၃) ဦး ပစ်သတ်ခံရပြီး၊ နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူ (၁၇) ဦးအထိ သေဆုံးခဲ့ရသည်ဟုသိရသည်။

ထို့အပြင် ယခုလက်ရှိတွင် ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ (၄၀၀၀၀) ကျော်ရှိပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်တို့တွင် စစ်ဘေးတိမ်းရှောင်သူ စုစုပေါင်း (၅၀၀၀၀) နီးပါးရှိပါသည်ဟု ICA ကဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လျက်ရှိနေကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရသည်ဟု ICA က ဆိုသည်။

ထိုသို့ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ်ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် တိုက်ခိုက်သတ်ဖြတ်ခြင်းများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ တိုက်ခိုက်ခြင်းများမှ ရှောင်ကြဉ်ရန် စစ်ကောင်စီအား အလေးအနက် တိုက်တွန်းသည်ဟု ICA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ချင်းတိုင်းရင်းသားများအပေါ်သာမက မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာ ပြည်ပရန်သူအလား လေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေရန် ကြားဝင်ဆောင်ရွက်နိုင်သည့် ထိရောက်သော အရေးယူမှုအား အမြန်ဆုံး လုပ်ဆောင်ပေးရန်လည်း နိုင်ငံတကာအသိုင်းအဝန်းများကို ICA က တောင်းဆိုထားသည်။

“နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စိုးရိမ်ပူပန်တဲ့ ကြေညာချက်တွေ ထုတ်ပြန်နေရုံနဲ့ သိသာတဲ့အကျိုးရဖို့နည်းတဲ့အတွက် လက်တွေ့လုပ်ဆောင်ကြဖို့ လိုအပ်နေပြီ” ဟု Salai Van Sui San က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.