Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆို

အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆို

0
By Editor on February 11, 2021 Khonumthung

#Unicode

ရစ်ချက် – ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် (၁၀) လကျော် ပိတ်ပင်နေပြီဖြစ်သည့် အိန္ဒိယ-မြန်မာ အမှတ် (၂) ရိ-ဇိုခေါထာရ် ကုန်သွယ်ရေး (Indo-Myanmar Border Trade Centre) အား ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေး (Indo-Myanmar Border Trade Centre) အား ပြန်လည်ဖွင့်လှစ် ရေးကိစ္စကို အိန္ဒိယလွှတ်တော်အစည်းအဝေး Parliament Session တွင် K. Vanlalvena က ယခုလို တင်ပြတောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

“Coronavirus ရောဂါကြောင့် ရိ-ဇိုခေါထာရ် Indo-Myanmar Border Trade Centre ဟာ ပြီးခဲ့သည့်နှစ် ဧပြီလ ကစပြီး ပိတ်ပင်ထားတာဖြစ်တယ်။ ယခုလို ပိတ်ပင်ထားသည့်အတွက် တချို့သောကုန်သည်တွေက အစိုးရ မသိအောင် ကားလမ်း (၇) ခု ဖောက်ထားတယ်၊ အဲဒီဖောက်ထားတဲ့ ကားလမ်းကနေတဆင့် ကုန်ပစ္စည်းတွေသွင်းကြတယ်၊ အစိုးရထံလည်း ဘာအခွန်မှ မပေးကြဘူး ဒါကြောင့် တရားဝင်ပြန်ဖွင့်ပေးသင့်တယ်” ဟု Pu K.Vanlalvena က အိန္ဒိယ လွှတ်တော်အစည်းအဝေတွင်တိုက်တွန်းပြောဆိုခဲ့ကြောင်း The Aizawl Post တွင်ဖော်ပြထားသည်။

အစိုးရမသိအောင်တရားမဝင် ကုန်သွယ်မှုလုပ်နေကြသည့် လမ်းကြောင်းများသည် တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခို တင်သွင်းသည့် ကားလမ်းဖြစ်သွားမည်ကို စိုးရိမ်ဖွယ်ရှိနေကြောင်းနှင့် ကြီးမားသည့်အခက်အခဲများ တွေ့ကြုံလာနိုင် သည့်အတွက် အိန္ဒိယဗဟိုအစိုးရအနေဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးရန် လိုအပ် ကြောင်း K. Vanlalvena က တင်ပြတောင်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် ကုန်သည်လုပ်ငန်းကိုလုပ်ဆောင်နေသည့် ချင်းအမျိုးသမီးတစ်ဦးက ယခုလို ပြောပါသည်။

“ဖွင့်ပေးရင်တော့ ကောင်းတာပေါ့။ အခုက ပိတ်ထားထာအတော်ကြာပြီ၊ ကုန်ပစ္စည်းတွေက တံတားကနေ ဝင်လို့ မရတော့၊ ရတဲ့နေရာကနေ ချောင်းတွေကိုကူးပြီး သယ်နေရတယ်။ အချိန်ကြန့်ကြာတဲ့အပြင် တန်ဆာခလည်း နှစ်ဆ လောက် ပေးနေရတယ်။” ဟု ပြောသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိက အချက်အချာကြသည် ရိ-ဇိုခေါထာရ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယနေ့ချိန်ထိပိတ်ထားသည့်အတွက် ကုန်သွယ်ရေးလုပ်ငန်းများအကြီးအကျယ်ထိခိုက်မှုရှိနေကြောင်းလည်းသိရသည်။

#Zawgyi

ရစ္ခ်က္ – ကမၻာ့ကပ္ေရာဂါ ကိုဗစ္-၁၉ ေၾကာင့္ (၁၀) လေက်ာ္ ပိတ္ပင္ေနၿပီျဖစ္သည့္ အိႏိၵယ-ျမန္မာ အမွတ္ (၂) ရိ-ဇိုေခါထာရ္ ကုန္သြယ္ေရး (Indo-Myanmar Border Trade Centre) အား ျပန္လည္ဖြင့္လွစ္ေပးရန္ အိႏိၵယဗဟိုအစိုးရထံ မီဇိုရမ္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Pu K.Vanlalvena က ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါ အိႏိၵယ-ျမန္မာ အမွတ္ (၂) ကုန္သြယ္ေရး (Indo-Myanmar Border Trade Centre) အား ျပန္လည္ဖြင့္လွစ္ ေရးကိစၥကို အိႏိၵယလႊတ္ေတာ္အစည္းအေဝး Parliament Session တြင္ K. Vanlalvena က ယခုလို တင္ျပေတာင္းဆို ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသထုတ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။

“Coronavirus ေရာဂါေၾကာင့္ ရိ-ဇိုေခါထာရ္ Indo-Myanmar Border Trade Centre ဟာ ၿပီးခဲ့သည့္ႏွစ္ ဧၿပီလ ကစၿပီး ပိတ္ပင္ထားတာျဖစ္တယ္။ ယခုလို ပိတ္ပင္ထားသည့္အတြက္ တခ်ဳိ႕ေသာကုန္သည္ေတြက အစိုးရ မသိေအာင္ ကားလမ္း (၇) ခု ေဖာက္ထားတယ္၊ အဲဒီေဖာက္ထားတဲ့ ကားလမ္းကေနတဆင့္ ကုန္ပစၥည္းေတြသြင္းၾကတယ္၊ အစိုးရထံလည္း ဘာအခြန္မွ မေပးၾကဘူး ဒါေၾကာင့္ တရား၀င္ျပန္ဖြင့္ေပးသင့္တယ္” ဟု Pu K.Vanlalvena က အိႏိၵယ လႊတ္ေတာ္အစည္းအေ၀တြင္တိုက္တြန္းေျပာဆိုခဲ့ေၾကာင္း The Aizawl Post တြင္ေဖာ္ျပထားသည္။

အစိုးရမသိေအာင္တရားမ၀င္ ကုန္သြယ္မႈလုပ္ေနၾကသည့္ လမ္းေၾကာင္းမ်ားသည္ တရားမဝင္ မူးယစ္ေဆးဝါးမ်ား ေမွာင္ခို တင္သြင္းသည့္ ကားလမ္းျဖစ္သြားမည္ကို စိုးရိမ္ဖြယ္ရွိေနေၾကာင္းႏွင့္ ႀကီးမားသည့္အခက္အခဲမ်ား ေတြ႕ႀကံဳလာႏိုင္ သည့္အတြက္ အိႏိၵယဗဟိုအစိုးရအေနျဖင့္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးလမ္းေၾကာင္းအား ျပန္လည္ဖြင့္လွစ္ေပးရန္ လိုအပ္ ေၾကာင္း K. Vanlalvena က တင္ျပေတာင္ဆိုခဲ့ျခင္းျဖစ္သည္။

ယင္းကိစၥနဲ႕ပတ္သက္ၿပီး မီဇိုရမ္ျပည္နယ္တြင္ ကုန္သည္လုပ္ငန္းကိုလုပ္ေဆာင္ေနသည့္ ခ်င္းအမ်ဳိးသမီးတစ္ဦးက ယခုလို ေျပာပါသည္။

“ဖြင့္ေပးရင္ေတာ့ ေကာင္းတာေပါ့။ အခုက ပိတ္ထားထာအေတာ္ၾကာၿပီ၊ ကုန္ပစၥည္းေတြက တံတားကေန ဝင္လို႕ မရေတာ့၊ ရတဲ့ေနရာကေန ေခ်ာင္းေတြကိုကူးၿပီး သယ္ေနရတယ္။ အခ်ိန္ၾကန္႕ၾကာတဲ့အျပင္ တန္ဆာခလည္း ႏွစ္ဆ ေလာက္ ေပးေနရတယ္။” ဟု ေျပာသည္။

အိႏိၵယ-ျမန္မာႏွစ္ႏိုင္ငံကုန္သြယ္ေရးလမ္းေၾကာင္းတြင္ အဓိက အခ်က္အခ်ာၾကသည္ ရိ-ဇိုေခါထာရ္ အမွတ္ (၂) နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းသည္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ယေန႔ခ်ိန္ထိပိတ္ထားသည့္အတြက္ ကုန္သြယ္ေရးလုပ္ငန္းမ်ားအႀကီးအက်ယ္ထိခိုက္မႈရွိေနေၾကာင္းလည္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.