Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆို

အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆို

0
By Editor on February 11, 2021 Khonumthung

#Unicode

ရစ်ချက် – ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် (၁၀) လကျော် ပိတ်ပင်နေပြီဖြစ်သည့် အိန္ဒိယ-မြန်မာ အမှတ် (၂) ရိ-ဇိုခေါထာရ် ကုန်သွယ်ရေး (Indo-Myanmar Border Trade Centre) အား ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေး (Indo-Myanmar Border Trade Centre) အား ပြန်လည်ဖွင့်လှစ် ရေးကိစ္စကို အိန္ဒိယလွှတ်တော်အစည်းအဝေး Parliament Session တွင် K. Vanlalvena က ယခုလို တင်ပြတောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

“Coronavirus ရောဂါကြောင့် ရိ-ဇိုခေါထာရ် Indo-Myanmar Border Trade Centre ဟာ ပြီးခဲ့သည့်နှစ် ဧပြီလ ကစပြီး ပိတ်ပင်ထားတာဖြစ်တယ်။ ယခုလို ပိတ်ပင်ထားသည့်အတွက် တချို့သောကုန်သည်တွေက အစိုးရ မသိအောင် ကားလမ်း (၇) ခု ဖောက်ထားတယ်၊ အဲဒီဖောက်ထားတဲ့ ကားလမ်းကနေတဆင့် ကုန်ပစ္စည်းတွေသွင်းကြတယ်၊ အစိုးရထံလည်း ဘာအခွန်မှ မပေးကြဘူး ဒါကြောင့် တရားဝင်ပြန်ဖွင့်ပေးသင့်တယ်” ဟု Pu K.Vanlalvena က အိန္ဒိယ လွှတ်တော်အစည်းအဝေတွင်တိုက်တွန်းပြောဆိုခဲ့ကြောင်း The Aizawl Post တွင်ဖော်ပြထားသည်။

အစိုးရမသိအောင်တရားမဝင် ကုန်သွယ်မှုလုပ်နေကြသည့် လမ်းကြောင်းများသည် တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခို တင်သွင်းသည့် ကားလမ်းဖြစ်သွားမည်ကို စိုးရိမ်ဖွယ်ရှိနေကြောင်းနှင့် ကြီးမားသည့်အခက်အခဲများ တွေ့ကြုံလာနိုင် သည့်အတွက် အိန္ဒိယဗဟိုအစိုးရအနေဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးရန် လိုအပ် ကြောင်း K. Vanlalvena က တင်ပြတောင်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် ကုန်သည်လုပ်ငန်းကိုလုပ်ဆောင်နေသည့် ချင်းအမျိုးသမီးတစ်ဦးက ယခုလို ပြောပါသည်။

“ဖွင့်ပေးရင်တော့ ကောင်းတာပေါ့။ အခုက ပိတ်ထားထာအတော်ကြာပြီ၊ ကုန်ပစ္စည်းတွေက တံတားကနေ ဝင်လို့ မရတော့၊ ရတဲ့နေရာကနေ ချောင်းတွေကိုကူးပြီး သယ်နေရတယ်။ အချိန်ကြန့်ကြာတဲ့အပြင် တန်ဆာခလည်း နှစ်ဆ လောက် ပေးနေရတယ်။” ဟု ပြောသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိက အချက်အချာကြသည် ရိ-ဇိုခေါထာရ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယနေ့ချိန်ထိပိတ်ထားသည့်အတွက် ကုန်သွယ်ရေးလုပ်ငန်းများအကြီးအကျယ်ထိခိုက်မှုရှိနေကြောင်းလည်းသိရသည်။

#Zawgyi

ရစ္ခ်က္ – ကမၻာ့ကပ္ေရာဂါ ကိုဗစ္-၁၉ ေၾကာင့္ (၁၀) လေက်ာ္ ပိတ္ပင္ေနၿပီျဖစ္သည့္ အိႏိၵယ-ျမန္မာ အမွတ္ (၂) ရိ-ဇိုေခါထာရ္ ကုန္သြယ္ေရး (Indo-Myanmar Border Trade Centre) အား ျပန္လည္ဖြင့္လွစ္ေပးရန္ အိႏိၵယဗဟိုအစိုးရထံ မီဇိုရမ္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Pu K.Vanlalvena က ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါ အိႏိၵယ-ျမန္မာ အမွတ္ (၂) ကုန္သြယ္ေရး (Indo-Myanmar Border Trade Centre) အား ျပန္လည္ဖြင့္လွစ္ ေရးကိစၥကို အိႏိၵယလႊတ္ေတာ္အစည္းအေဝး Parliament Session တြင္ K. Vanlalvena က ယခုလို တင္ျပေတာင္းဆို ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသထုတ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။

“Coronavirus ေရာဂါေၾကာင့္ ရိ-ဇိုေခါထာရ္ Indo-Myanmar Border Trade Centre ဟာ ၿပီးခဲ့သည့္ႏွစ္ ဧၿပီလ ကစၿပီး ပိတ္ပင္ထားတာျဖစ္တယ္။ ယခုလို ပိတ္ပင္ထားသည့္အတြက္ တခ်ဳိ႕ေသာကုန္သည္ေတြက အစိုးရ မသိေအာင္ ကားလမ္း (၇) ခု ေဖာက္ထားတယ္၊ အဲဒီေဖာက္ထားတဲ့ ကားလမ္းကေနတဆင့္ ကုန္ပစၥည္းေတြသြင္းၾကတယ္၊ အစိုးရထံလည္း ဘာအခြန္မွ မေပးၾကဘူး ဒါေၾကာင့္ တရား၀င္ျပန္ဖြင့္ေပးသင့္တယ္” ဟု Pu K.Vanlalvena က အိႏိၵယ လႊတ္ေတာ္အစည္းအေ၀တြင္တိုက္တြန္းေျပာဆိုခဲ့ေၾကာင္း The Aizawl Post တြင္ေဖာ္ျပထားသည္။

အစိုးရမသိေအာင္တရားမ၀င္ ကုန္သြယ္မႈလုပ္ေနၾကသည့္ လမ္းေၾကာင္းမ်ားသည္ တရားမဝင္ မူးယစ္ေဆးဝါးမ်ား ေမွာင္ခို တင္သြင္းသည့္ ကားလမ္းျဖစ္သြားမည္ကို စိုးရိမ္ဖြယ္ရွိေနေၾကာင္းႏွင့္ ႀကီးမားသည့္အခက္အခဲမ်ား ေတြ႕ႀကံဳလာႏိုင္ သည့္အတြက္ အိႏိၵယဗဟိုအစိုးရအေနျဖင့္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးလမ္းေၾကာင္းအား ျပန္လည္ဖြင့္လွစ္ေပးရန္ လိုအပ္ ေၾကာင္း K. Vanlalvena က တင္ျပေတာင္ဆိုခဲ့ျခင္းျဖစ္သည္။

ယင္းကိစၥနဲ႕ပတ္သက္ၿပီး မီဇိုရမ္ျပည္နယ္တြင္ ကုန္သည္လုပ္ငန္းကိုလုပ္ေဆာင္ေနသည့္ ခ်င္းအမ်ဳိးသမီးတစ္ဦးက ယခုလို ေျပာပါသည္။

“ဖြင့္ေပးရင္ေတာ့ ေကာင္းတာေပါ့။ အခုက ပိတ္ထားထာအေတာ္ၾကာၿပီ၊ ကုန္ပစၥည္းေတြက တံတားကေန ဝင္လို႕ မရေတာ့၊ ရတဲ့ေနရာကေန ေခ်ာင္းေတြကိုကူးၿပီး သယ္ေနရတယ္။ အခ်ိန္ၾကန္႕ၾကာတဲ့အျပင္ တန္ဆာခလည္း ႏွစ္ဆ ေလာက္ ေပးေနရတယ္။” ဟု ေျပာသည္။

အိႏိၵယ-ျမန္မာႏွစ္ႏိုင္ငံကုန္သြယ္ေရးလမ္းေၾကာင္းတြင္ အဓိက အခ်က္အခ်ာၾကသည္ ရိ-ဇိုေခါထာရ္ အမွတ္ (၂) နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းသည္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ယေန႔ခ်ိန္ထိပိတ္ထားသည့္အတြက္ ကုန္သြယ္ေရးလုပ္ငန္းမ်ားအႀကီးအက်ယ္ထိခိုက္မႈရွိေနေၾကာင္းလည္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.