Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အေအေ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသားများ မီးဇာကျေးရွာသို့ရောက်ရှိ

အေအေ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသားများ မီးဇာကျေးရွာသို့ရောက်ရှိ

0
By Editor on August 2, 2019 Headline

ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့မှ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသား ၃၉ ဦးတို့သည် ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲ ခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ ပြန်လည်ရောက်ရှိကြပြီဖြစ်သည်။

အေအေတပ်ဖွဲ့မှ ၅ လကျော်ကြာ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖမ်းဆီးထားသည့် အဆိုပါကင်းတလင်းရွာသား ၃၉ ဦးတို့ ကို ဇူလိုင်လ ၃၁ ရက်နေ့က ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒူးချောင်းဝကျေးရွာအုပ်ချူပ်မှူးနှင့်အဖွဲ့က မီးဇာကျေးရွာ အထိ လိုက်ပို့ခဲ့သည်ဟု မီးဇာကျေးရွာရှိဒေသခံတစ်ဦးကပြောသည်။

“ သူတို့မီးဇာကျေးရွာကို ဒီနေ့ဘဲရောက်ရှိလာကြပါတယ်၊ အားလုံး ၃၉ ယောက်ဖြစ်ပါတယ်၊ ကျန်းမာရေးမကောင်းတဲ့သူ တစ်ချို့ပါတယ်၊ ခု သူတို့ထဲက အိမ်ထောင်ဦးစီးတွေကိုတော့ ထရွန်အိုင်တပ်စခန်းကခေါ်ပြီး အချက်အလက်တွေမေး မြန်း နေတယ်လို့သိရတယ်’’ ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါ ၃၉ ယောက်တို့သည် အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၁၀ ယောက်နှင့် အသက် ၁၈ နှစ်အောက် ယောင်္ကျားလေး ၅ ယောက်၊ မိန်းကလေး ၁၅ ယောက် အိမ်ထောင်စု ၁၀ စုဖြစ်ပြီး ယခုလောလောဆယ်တွင် ၎င်းတို့ကို မီးဇာကျေးရွာရှိ တိုက်နယ်ဆေးရုံခန်းမဆောင်တွင် နေရာချထားပေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကင်းတလင်းရွာသား ၅၂ ဦးကို ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ အေအေ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ရွာသား ၁၂ ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့က အေအေ တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။

တပ်စခန်းတွင်ကျန်ရှိနေသေးသည့် ၃၉ ဦးတို့သည် မိုးတွင်းကာလရောက်လာသည့်အတွက် ၎င်းတို့နေထိုင်ရေး အခက်အခဲရှိ၍ နဂိုမူလကျေးရွာသို့ပြန်လည်နေထိုင်လိုကြောင်းတင်ပြတောင်းဆိုလာသောကြောင့် ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်း (၉) နာရီက အုန်းသီးဝ ကျေးရွာရှိ ရပ်မိရပ်ဖများထံ ကောင်းမွန်စွာအပ်နှံခဲ့သည်ဟု အေအေတပ်ဖွဲ့က ဇူလိုင်လ (၃၁) နေ့က ထုတ်ပြန်ခဲ့သည်။

(ပုံစာ- မီးဇာကျေးရွာရှိ ကင်းတလင်းစစ်ဘေးရှောင်များနေထိုင်ရာတဲအိမ်များ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်းပို့သည့် ချင်းကျောင်းသား/သူနှင့် လူငယ် ၆၃ ဦးကို ပြန်လွှတ်ပေးရန် CPSC တောင်းဆို

ချင်းတောင်သို့ အင်အားရာချီနှင့်တက်လာသော စစ်တပ်ကို CC နှင့် CB တို့ ပူးပေါင်းစုဖွဲ့ခုခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.