Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးဟု CDF-Kanpetlet ဆို

၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးဟု CDF-Kanpetlet ဆို

0
By Editor on March 7, 2022 Headline

ချင်းပြည်နယ်‌တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ဆောမြို့နယ်အပါအဝင် ကန်ပက်လက်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet က မတ်လ ၆ ရက်နေ့က ထုတ် ပြန်သည်။

ကန်ပက်လက်မြို့နယ်နှင့်မကွေးတိုင်းနယ်စပ်ဘက် မဆာတွီ၊ ဆွဲလွဲကျင်း၊ ကျင်ဒွေးနှင့် မောချောင်ရွာဘက်တွင် စစ် ကောင်စီတပ်နှင့် CDF-Kanpetlet တို့ တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ရှိခဲ့ပြီး ကန်ပက်လက်မြို့နှင့် အပေါရွာနားတွင် တစ်ကြိမ်စီ၊ မကွေးတိုင်းဆောမြို့တွင် ၂ ကြိမ် စုစုပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် ၂ လတာဖြစ်ပွားသည့်တိုက်ပွဲအတွင်း CDF-Kanpetlet မှရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးလက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်များသည် မောချောင်းရွာမှ ပြည်သူနေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လူနေအိမ်များဖောက်ထွင်းကာ ပစ္စည်းများခိုးယူခဲ့ကြသည့်အပြင် မဆာတွီကျေးရွာတွင် နွားနောက်နှစ်ကောင်ကိုလည်း ပစ်သတ်ကာ တစ်ကောင်ချက်စားပြီး တစ်ကောင်ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် CDF-Kanpetlet နှင့်အတူ PDF-Saw၊ ယောကာကွယ်ရေးတပ်ဖွဲ့ YDF၊ CDF-Daai၊ ချင်းအမျိုးသားတပ်မတော် CNA တပ်တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်မှာလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၅၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၅၀ ခန့်ရှိသည်ဟု CNDF ကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း CNDF တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.