Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဟားခါးမြို့က ခလရ ၂၆၆ တပ်ကုန်းတွင် ကျင်းပမည်

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဟားခါးမြို့က ခလရ ၂၆၆ တပ်ကုန်းတွင် ကျင်းပမည်

0
By Editor on February 19, 2025 Khonumthung

(004SS)

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ် မြို့တော် ဟားခါးမြို့ရှိ ခလရ ၂၆၆ တပ်ကုန်းတွင် ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။

ယခင်က ချင်းအမျိုးသားနေ့ကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများနှင့် ပြည်သူများ အားလုံးပါဝင်နိုင်ရန် ဟားခါးမြို့၊ ဝမ္မသူးမောင် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ် ချင်းအမျိုးသား နေ့ကိုမူ စစ်ကောင်စီတပ်ကုန်းတွင် အကျဉ်းရုံးသဘောဖြင့်သာ ကျင်းပမည်ဖြစ်‌သောကြောင့် ပြည်သူများ ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရသည်။

“ ဒီနှစ်က ၂၆၆ တပ်ကုန်းမှာ လုပ်မှာ။ ပြည်သူမပါတဲ့ ချင်းအမျိုးသားနေ့ပေါ့၊ ဒီက ဝန်ကြီးတွေ ဌာနဆိုင်ရာတွေ ပါမယ်တဲ့။ ဘယ်သူက ၂၆၆ ကို သွားမှာလဲ။ အဝင်ခံမယ်ထင်လား ငကြောက်တွေ။ တိတ်တိတ်ပုန်းလုပ်ကြမယ်ထင်တယ်” ဟု ဟားခါးမြို့ ဒေသခံအမျိုးသမီးက ပြောသည်။

ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဌာနဆိုင်ရာအသီးသီးမှ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်သူလူထုများ သိရှိထားသင့်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ဖော်ပြသော ပြခန်းများ ခင်းကျင်းပြသကြမည်ဟု သိရသည်။

ယခင်က ချင်းအမျိုးသားနေ့များတွင် မြန်မာနိုင်ငံသမ္မတသော်လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲများက လာရောက်တက်ရောက်ပေးခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းအမျိုးသားနေ့အခမ်းအနားကို အကျဉ်းရုံးသဘောဖြင့်သာ ကျင်းပခဲ့ကြပြီး နိုင်ငံအကြီးအကဲများလည်း တက်ရောက်ခြင်းမရှိခဲ့ကြပေ။

ယခုနှစ်တွင်လည်း ချင်းအမျိုးသားနေ့အခမ်းအနားသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား အခြား စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်အချို့သာ တက်ရောက်နိုင်ဖွယ်ရှိသည်ဟု သတင်းအရင်းအမြစ်တစ်ချို့၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် တာဝန်ရှိသူများက (၇၇) ကြိမ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်မည့် ဆောင်ရွက်ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.